အခန်း၄၈

1.9K 280 3
                                    

စုန့်ရှီးယွီသည် စားသောက်ဆိုင်တစ်ဆိုင်တွင် နှစ်ကြိမ်တောင်စားရန် ရွေးချယ်ခဲ့သည်မှာ အတော်လေး ကောင်းမွန်သောကြောင့်ဖြစ်သည်။

ကျီဖန်ယင်းသည် ကျီရှင်းရှင်း၏အကြိုက်အတိုင်း မှာကြားခဲ့ရသော်လည်း သူမသည် ပျော်ရွှင်စွာ စား​နေပါသေးသည်။  သူမ နောင်ကျ အချိန်ရလာတဲ့အခါ ဒီစားသောက်ဆိုင်ကို တစ်ယောက်တည်း ပြန်လာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စားသောက်နေစဉ်အတွင်း စုန့်ရှီးယွီ၏ စကားကိုလည်း ကျွမ်းကျင်စွာ တုံ့ပြန်​​ပေးနေခဲ့သည်။

စုန့်ရှီးယွီသည် ဒီတလော သူမိဘအိမ်မှာ ပြန်နေ,နေကြောင့် ပြောသောအခါတွင် သူမသည် ချစ်သူရည်းစားများကဲ့သို့ သူ့မိဘများဘယ်လိုလဲ ဆိုတာကို မေးမြန်းခဲ့သည်။

စုန့်ရှီးယွီသည် လာမည့်ရက်အနည်းငယ်အတွင်း အပူချိန်ကျဆင်းလိမ့်မည်ဟု ပြောသောအခါ သူမသည် သူ့ကို ထူထဲစွာဝတ်စားကာ ထီးတစ်ချောင်လည်းဆောင်ဖို့ သူ့ကို ဂရုတစိုက်သတိပေးခဲ့သည်။

ဗုံးများဖြစ်နိုင်ချေရှိသော ကိစ္စရပ်များကိုလည်း မထိရန် ပားနက်ခဲ့သည်။

စုန့်ရှီးယွီကိုယ်တိုင် စောစောက သူနဲ့လာတွေ့တဲ့ အမျိုးသမီးအကြောင်း ထုတ်မပြောသရွေ့ သူမသည်လည်း အရင်စပြောမည်မဟုတ်ပေ။

ဝန်ဆောင်မှုပေးနေစဉ်အတွင်း ဖောက်သည်အား စိတ်မသက်မသာဖြစ်အောင်လုပ်၍မဖြစ်ပေ။

မကြာမီ စားပွဲထိုးသည် နောက်ဆုံးဟင်းလျာဖြစ်သော ပင်လယ်စာသခွားဟင်းရည်နှင့်ထမင်းကို လာချသည်။ ကျီဖန်ယင်းသည် သူ့အတွက် ပန်းကန်သေးသေးလေးတစ်ခုထဲကို ဟင်းချိုကို လောင်းထည့်ပေးနေချိန်တွင် စုန့်ရှီးယွီသည် "စောစောက ကိစ္စကို မမေးတော့ဘူးလား။"

ကျီဖန်ယင်းသည် စုန့်ရှီးယွီကိုကြည့်ရန် ခေါင်းကို မော့လိုက်သည်။  သူမသည် ဤမေးခွန်းနောက်ကွယ်ရှိ သူ၏ ရည်ရွယ်ချက်အကြောင်းကို ပြန်လည်တွေးတောနေခဲ့သည်။

သူက 'ကျီရှင်းရှင်း'ကို မနာလိုဖြစ်ဖို့ကို မျှော်လင့်နေတာလား၊ ဒါမှမဟုတ် အခြားတစ်ခုခုလား။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now