အခန်း၉၅

1.7K 247 4
                                    

"... ကျီဖန်ယင်း ကိုယ်တို့ စကားပြောကြရအောင်။" စုန့်ရှီးယွီသည် နဖူးကို ဖိပြီး အသက်ပြင်းပြင်းရှူကာ "ကိုယ်တို့ကြားက ကိစ္စ​တွေအကုန် သေချာရှင်း​ကြရအောင်။"

ကျီဖန်ယင်းက ခေါင်းစောင်းပြီး သူ့ကိုကြည့်ရင်း လှောင်ပြောင်ရယ်မောကာ "စုန့်ရှီးယွီ၊ နင်ခုထိနားမလည်သေးဘူးဘဲ။ နင်နဲ့စကားပြောချင်သေးတဲ့ 'ကျီဖန်ယင်း'ကသေသွားပြီ။"

တကယ်လဲသေသွားပြီဖြစ်သည်။ လက်ရှိ ကျီဖန်ယင်းသည် စုန့်ရှီးယွီအပေါ် နည်းနည်းလေးမှပင် စိတ်မဝင်စားပေ။

"နင်ဘာအကြောင်းပြောချင်တာလဲ။ ဘာလို့ သဘောကျခဲ့တာလဲလား၊ ဘယ်တုန်းက စသဘောကျတာလဲ၊ ဘယ်လိုလုပ် သဘောကျသွားခဲ့တာလဲလား။" ကျီဖန်ယင်းက ခေါင်းယမ်းကယ ဆက်လက်ပြီး "ဒါက ကံကြမ္မာအလှည့်အပြောင်းလေးတစ်ခုပါပဲ။ အမြဲဘာမှမဟုတ်ဘဲပြီးဆုံးသွားမှာပဲလေ။ နင့်အပေါ် ငါခံစားချက်မရှိတော့တာက အဲ့လောက်အံ့သြစရာကောင်းလို့လား။"

ထိုစကားများသည် ပေါ့ပေါ့တန်တန်ပြောနေသော်လည်း စုန့်ရှီးယွီ၏ ရင်းဘတ်ထဲသို့ ထက်​မြက်သောဓားသွားများကဲ့သို့ အပြင်းအထန် ထိုးစိုက်သွားကြသည်။

"... မင်းက ဘိုင်ကျိုးနဲ့ အဲဒီဘတ်စကတ်ဘောကောင် နှစ်ယောက်ထဲကတစ်​ယောက်ကို စိတ်ဝင်စားသွားတယ်လို့ ပြောနေတာလား။" စုန့်ရှီးယွီသည် အသံနက်ကြီးဖြင့် မေးလာသည် "မင်းရဲ့ ခံစားချက်တွေက စျေးပေါလိုက်တာ။"

သူမသည် စုန့်ရှီးယွီရဲ့ အကဲဖြတ်ချက်ကို စိတ်မ၀င်စားဘဲ တိုးတိုးလေးရယ်ပြီး "ဒါပေါ့၊ နှလုံးသားမရှိတဲ့ မိန်းကလေးတွေက အဲ့အတိုင်းပဲ။"

ပေါ့ပေါ့ပါးပါး လက်ပြနှုတ်ဆက်လိုက်ပြီးနောက် သူမထွက်ခွာတော့မည့်အချိန်တွင် သူမသည် တခြားကိစ္စတစ်ခုကို သတိရလာခဲ့သည်။ ထို့ကြောင့် သူမသည် စုန့်ရှီးယွီဆီသို့ ပြန်လှည့်ပြီး "ဟုတ်သား၊ နောက်တစ်ခုရှိသေးတယ်" လို့ပြောလိုက်တယ်။

စုန့်ရှီးယွီသည် တွင်းနက်ကြီးထက်ပင် ပိုနက်ရှိုင်းသော မျက်လုံးများဖြင့် ဆက်လက်ကြည့်ရှုနေပြီး သူမ၏စကားက်ု တိတ်ဆိတ်စွာ စောင့်နေပါသည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now