အခန်း၈၇

1.4K 208 1
                                    

စုန့်ရှီးယွီက သူ့တိုက်ခန်းကို ပြန်လာပြီးနောက် ရေခဲသေတ္တာကိုဖွင့်လိုက်တယ်။ အသည်းပုံသဏ္ဍာန်ချောကလက်သည် နဂိုထုပ်ပိုးထားသည့်ပုံစံအတိုင်း ရှိနေသေးပြီး လုံးဝမထိရသေးပေ။

အမှန်တော့ သူသည် ချောကလက်ကို သိပ်မကြိုက်ပေ။

ခဏလောက် ကြည့်ပြီးနောက် အခန်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာပြီး ဗီရိုကို ဖွင့်လိုက်သည်။

စုန့်ရှီးယွီတွင် စွဲလမ်းမှုအပျော့လေးတစ်ခုရှိသည်။ သူသည် ပစ္စည်းများကို အမျိုးအစားခွဲ၍ သီးသန့်နေရာများတွင် ထားရခြင်းကို နှစ်သက်သောကြောင့် သူ့ပစ္စည်းများကို ရှာရန် အချိန်အကြာကြီးမလိုပေ။

သို့သော် ယခုအချိန်တွင် သူရှာဖွေနေသည့်အရာကို ရှာမတွေ့ဖြစ်နေသည်။

အသုံးအဆောင်ပစ္စည်းများ၏ ပထမဆုံးအံဆွဲထဲတွင် ရှိသင့်သော ပွန်းပဲ့နေသော လက်ကောက်သည် ရှိသင့်သော နေရာတွင်ရှိမနေချေ။

ဒုတိယအဆင့်အံဆွဲနှင့် တတိယအဆင့်အံဆွဲများကို အမြန်ဆွဲဖွင့်ရှာသော်လည်း မရှိခဲ့ပေ။

သူ အနည်းငယ် စိုးရိမ်လာသည်။ သူ့နက်ကတိုင်၊ နာရီ၊ ခါးပတ်များကြား ငုံ့ကာ ပိုက်စိပ်တိုက်ရှာခဲ့ပြီး... သူထို​နေ့က ဝတ်ခဲ့သော အဝတ်များကိုပြန်စဉ်းစားကာ ထိုအိတ်ကပ်များထဲတွက်တောင် ရှာခဲ့ပေမယ့် အဲဒီနေ့က ကျီဖန်ယင်း မွေးနေ့လက်ဆောင်အဖြစ် သူ့ကိုပေးခဲ့သော လက်ကောက်ကို ရှာမတွေ့ခဲ့ပေ။

အဲဒီနေ့က ကားပါကင်ကနေ ထုတ်ပြီး ဒီမှာတင်ခဲ့တာကို ငါရှင်းရှင်းလင်းလင်းမှတ်မိတယ်။ အဲဒါကို ဘာလို့ဒီမှာမရှိ​နေတာလဲ။

စုန့်ရှီးယွီသည် အံဆွဲများကို ဒေါသတကြီးဖြင့် ရိုက်လိုက်သည်။

သူသည် စိတ်တိုနေသော သားရဲတစ်ကောင်ကဲ့သို့ နေရာတစ်ဝိုက်ကို လှည့်ပတ်ကာ လျှောက်နေသည်။  အဆုံးတွင်တေည့ သူသည် တစ်အိမ်လုံးကို ရှာရန် ဆုံးဖြတ်ခဲ့သည်။

အိပ်ခန်းထဲမှာ မရှိဘူး။

အိမ်သာထဲမှာ မရှိဘူး။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now