အခန်း၁၅၃

1.1K 168 3
                                    

ဘိုင်ကျိုးက ကျီရှင်းရှင်း၏စကားကိုနားထောင်ကာ ကျီဖန်ယင်းကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူးလို့ တွေးခဲ့ပါသည်။ ရံဖန်ရံခါ ထိုမိုက်မဲသော အက်ပ်ကို သူ့ကိုယ်သူမတားနိုင်စွာ စစ်ဆေးကြည့်တတ်သော်လည်း စာရင်းတော့မသွင်းခဲ့ပေ။

လူယုတ်မာတစ်ယောက်က ကျီဖန်ယင်းရဲ့တစ်နေ့တာလုံးကို တစ်စက္ကန့်အတွင်း အကုန်သိမ်းသွားလိမ့်မယ်လို့ ဘယ်သူကထင်ထားမှာလဲ။

ဘိုင်ကျိုးဟာ စင်ဂယ်များနေ့တွင် ဈေးဝယ်နေရင်း ထပေါက်ကွဲသောလူဖြင့်ပင် တူနေသည်။ ဈေးဝယ်လှည်းထဲသို့ ကြီးမားသော လျှော့စျေးပစ္စည်းတစ်ခုကို ထည့်ထားပြီးဖြစ်သော်လည်း ဝယ်ရမလား စဉ်းစားနေချိန် ပစ္စည်းက ရုတ်တရက် ကုန်သွားသောအခိုက်အတန့်။

စုန့်ရှီးယွီလား။ အဲဒီပွဲတုန်းက ငါတွေ့ခဲ့တဲ့ ရွံစရာကောင်းတဲ့လူလား။ ဂရိက wheelchairကောင်လား။ ဒါမှမဟုတ် သူ့ရဲ့ဖောက်သည်အသစ်များလား။

အတည်ပြုရန်စောင့်ဆိုင်းနေသော အစိမ်းဖျော့ဖျော့မှ တစ်မိနစ်အတွင်း အတည်ပြုလိုက်သော သံလွင်စိမ်းအရောင်အဖြစ်သို့ ပြောင်းလဲသွားသည်ကို ဘိုင်ကျိုးက စောင့်ကြည့်​နေခဲ့ရသည်။

သေစမ်း! ကျီဖန်ယင်း လိုင်းပေါ်မှာ ရှိနေတာဖြစ်မယ်။ မဟုတ်ရင် ဒီလောက် မြန်မြန်ဆန်ဆန် လက်ခံနိုင်မှာမဟုတ်ဘူး။ သူဒီလောက်ထိတောင်မွဲနေတာလား။

ဒေါသတကြီးဖြင့် ဘိုင်ကျိုးသည် သဘက်ခါအတွက် ဆယ့်ငါးနာရီ အားလုံးကို ယူခဲ့သော်လည်း သူ၏ကြိုတင်စာရင်းသွင်းမှု တောင်းဆိုချက်ကို အတည်မပြုမီတွင် သူ့လက်ချောင်းသည် ရပ်တန့်သွားခဲ့သည်။ ကျီရှင်းရှင်း၏ စကားလုံးများက သူ့စိတ်ထဲတွင် ပေါ်လာပြီး သူ့ကို ရေအေးတစ်ပုံးဖြင့် လောင်းချလိုက်သလို ခံစားလိုက်ရသည်။

အဆုံးတွင် သူသည် စိတ်ပျက်လက်ပျက် ဖုန်းကို အိပ်ယာပေါ်သာ ပစ်ချလိုက်သည်။

သူပေးထားသော ကတိကို မဖျက်နိုင်ဘူး။

သူသည် သူ့စာ​ကြည့်စားပွဲဆီသို့ သွားကာ ထိုင်ခုံကို ဆူညံစွာ ဆွဲထုတ်လိုက်ပြီး စာကြည့်ရန် ဖတ်စာအုပ်ကို ဖွင့်လိုက်သည်။

တစ်နာရီတစ်သိန်း အစားထိုးချစ်သူWhere stories live. Discover now