အပိုင်း(၀၀)

4.1K 295 4
                                    

ဒီနေ့တွေ့ခဲ့တဲ့ ကျွန်မခင်ဗွန်းလောင်းရဲ့ ပထမဆုံးပုံစံက လှပတာပဲ အဖြူရောင် ပြစ်မျိုးမှဲ့မထင်မျက်နှာ ငွေရောင်ဆံပင် အနီရောင်မျက်လုံး လက်မခံနိုင်လောက်အောင်လှတဲ့ဒီယောကျာ်းက နူးနူးညံညံပြုံးပြခဲ့တယ်

"ပထမဆုံးအကြိမ် မင်းကို တွေ့ရတာ၀မ်းသာပါတယ် ကျွန်တော်က လုရှန် ကာဒီယမ်ပါ"

အပြစ်အဆာကင်းပြီး ယဉ်ကျေးတဲ့ နှုတ်ဆက်စကားပဲ ကျွန်မလဲ ဘာမှမတတ်နိုင်ပဲ ကို့ရို့ကားယားရီမိလိုက်တော့တယ်

"ဟယ်လို, ကျွန်မက ပါနေးရား လိုင်လာပါ"

"ကျွန်တော် လေဒီကို တွေ့ဖို့လာခဲ့တာ ပြီးတော့ ကျွန်တော်တောင်းပန်ပါတယ် စစ်ပွဲက ကြာရှည်တာကြောင့် အိမ်ကိုပြန်ဖို့မလွယ်ခဲ့ဘူး"

"ကိစ္စမရှိပါဘူး"

တကယ်ကို အဆင်ပြေပါတယ်
ဘာလို့လဲဆိုတော့ သူက အရှင် လုရှန် ကာဒီအမ်လေ စစ်ပွဲရှည်ကြီးကို ဦးဆောင်ပြီး အနိုင်ရအောင်လုပ်ခဲ့ပြီး အင်ပါယာရဲ့ သူရဲကောင်းဖြစ်လာခဲ့သူ ငါရဲ့ခင်ပွန်းလောင်း ဧကရာဇ်က ငါနဲ့သူကို တွဲပေးတာ လွန်ခဲ့သောနှစ်နှစ်ကပေါ့ ပြီးတော့....

သူက အမျိုးသမီးဇာတ်လိုက်ကို တအားချစ်လွန်းလို့ Yandereအဖြစ်ပြောင်းလဲသွားပြီး အင်ပါယာရဲ့တစ်၀က်ကို ဖျက်စီးခဲ့တယ်

ပြီးတော့ ငါက ဒုတိယဇာတ်လိုက်ကို ချဉ်းကပ်လာသူတွေထဲကတစ်ယောက် ဖြစ်ပြီး သူလက်နဲ့ အသက်ခံရလိမ့်မယ်

*Sobsငိုရှိုက်သံ* အားလုံးထဲမှာမှ ငါက ဒီကာရိုက်တာကို ပိုင်ဆိုင်နေခဲ့တယ်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now