အပိုင်း(၇၁)

415 55 1
                                    

သူမ ကြောက်လန့်တကြား အော်လိုက်မိသည်
"အဖေ ဘာလို့ ဒီကိုရောက်လာတာလဲ"

"အိမ်ပြန်ရောက်လာတဲ့ ငါ့သမီး အဆင်ပြေရဲ့လားလို့ လာကြည့်တာလေ အိပ်နေရင်း မျက်ရည်ကျရအောင် ငါက စိုးရိမ်နေမိတာ ဒါပေမဲ့ ငါ့သမီးက ဒီလိုညစ်ညမ်းတဲ့စကားတွေမျိုးပြောနေမယ်မထင်ထားဘူး ထင်တဲ့အတိုင်း ငါ့သမီး‌ပဲ"

သူမ ၀မ်းနည်းလွန်းလို့ ငိုမိရတဲ့အကြိမ်တွေမနည်းတော့ဘူး ဒီလိုထူးဆန်းတဲ့ အချိန်မျိုး ကွက်တိကိုက် ရောက်ရောက်လာတတ်တဲ့သူမရဲ့တစ်ဦးထဲသောဖခင်ကြောင့်ပင် သူမအဖေက သက်ပြင်းချရင်း စိတ်ပျက်သောအမူအရာကိုဖော်ပြရင်း သူမကိုပြောလာလေသည်
"ကောင်းပါတယ် သမီးကိုကြည့်ရတာ အသက်၀င်နေတာဆိုတော့ အဆင်ပြေပါတယ် အဖေ မနက်စာပြင်ထားတယ် ဒါကြောင့် မြန်မြန်ဆင်းလာခဲ့တော့ ဒီနေ့မနက်စာက နူးညံ့တဲ့ ပန်ကိတ်တွေ မှတ်မိသေးလား သမီး အသက်သုံးနှစ်တုန်းက ပထမဆုံး ပန်ကိတ်စားတုန်းက ဒီလိုအစားအစာမျိုး တည်ရှိပါလားဆိုပြီး သမီး အရမ်းအံ့ဩသွားတာ‌ေလ"

"သမီး ပြင်ဆင်ပြီးရင် မနက်စာစားဖို့ ဆင်းလာခဲ့မယ်"

“……”

သူမမြန်မြန်ချေပချက်ကြောင့် သူမအဖေ အသက်ကို ရှုသွင်းလိုက်ပြီး ပါးစပ်ကိုပိတ်လိုက်သည်
"နောက်ဆုံးတော့ ငါသမီးပြန်လာခဲ့ပြီ ဘယ်လောက်တောင် နှလုံးသားအေးစက်လိုက်သလဲ..."
ထို့နောက် အခန်းထဲမှ လေးနက်သောအမူအရာနှင့်ထွက်ခွာသွားလေသည်

T/N: ဟိုရောက် ဒီရောက်ဖြစ်သွားလို့ နားမလည်မှာဆိုးလို့ အပိုင်း 70တုန်းက လုရှန်နဲ့အပိုင်းက အိမ်မက်မက်နေတာပါ Ó⁠╭⁠╮⁠Ò

'ငါ အိမ်ပြန်ရောက်တာ သုံးရက်တောင်ရှိပြီပဲ အခုလိုအခြေအနေမျိုး သူစိတ်ဆိုးပြီး ငြိမ်သက်နေတာမျိုး ဘယ်လောက်ကြာအုမ်းမှာလဲ'

အိမ်ပြန်ရောက်တဲ့ ပထမဆုံးနေ့တုန်းက သူမအဖေက ပျောက်သွားတဲ့သမီးတစ်ယောက် ပြန်ရောက်လာသလို ပျော်ရွှင်မှုကြောင့် ငိုကြွေးလေသည်

သုံးရက်ကြာပြီးတာတောင် သူမအဖေ တည်ငြိမ်လာပေမဲ့ တခါတရံ သူတို့နှစ်ယောက်စကားပြော‌ဖြစ်ကြတဲ့အခါ သေဆုံးသွားတဲ့သမီးတစ်ယောက် ပြန်ရောက်လာသလို ခံစား‌ချက်တွေဖြစ်နေတတ်‌သည် သူမအဖေအဲ့လိုမျိုးဖြစ်တာမြင်ရတော့ သူမ အိမ်ကိုမြန်မြန်ပြန်လာမိတာ တော်သေးတာပေါ့ဟု တွေးမိသွားပြန်သည် ဒါပေမဲ့ ဒါက အခုထိ မပြီးဆုံးနိုင်သေးပေ လုရှန် တစ်ယောက်ထဲ မြောက်ဘက်နယ်မြေမှာတစ်ယောက်ထဲ အပိတ်ခံထားရတဲ့ အခြေအနေမျိုးမှာတောင်မှပင်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now