အပိုင်း(၁၉)

1K 134 0
                                    


"ကျွန်မကတော့ အဲ့လိုမထင်ဘူး အ၀တ်ဆင်ဖို့ထားတဲ့အရုပ်ရော‌ အထည်တွေပြဖို့ အတန်းရော ဘာဆိုဘာမှ မမြင်မိဘူး
ကြည့်ရတာ အက်စတယ်လာသံသယတွေကို သူမစကားတွေလောက်နဲ့ ဖြေရှင်းလို့ရမဲ့ပုံမပေါ်ပေ

ဒါက နားလည်ပေးနိုင်ပါတယ်
ဆိုင်ရဲ့ အတွင်းပိုင်းအခြေအနေက အ၀တ်အထည်ဆိုင်လို့ခေါ်ဖို့ အရမ်းရိုးရှင်းလွန်းလေသည်

တန်ဖိုးကြီး အ၀တ်အထည်ဆိုင်တွေ ရဲ့ ပြတင်းပေါက်မှာ အ၀တ်တွေ ချိတ်ထားပြသဖို့ ကျွမ်းကျင်စွာအလှဆင်ထားသလို လုပ်ထားဖို့ ပါနေးရားမမျှော်လင့်ထားပေမဲ့ ခုံကြီးကြီးတစ်ခုပေါ်မှာ မရေမတွက်နိုင်တဲ့ အထည်စတွေနဲ့ ဖြစ်ကတတ်ဆန်း အပိုင်းပိုင်းအစအစ အထည်ပိုင်းတွေက နေရာတကာတွင်ရှိနေပြီး အမှန်တကယ် ရှုပ်ပွနေသည်
သို့ပါသော်လည်း ဖျက်စီးထားတဲ့ အပိုင်းအစတွေကြား ကုန်ပစ္စည်းရှာဖွေခြင်းက အတန်အသင့်ကောင်းမွန်ပုံပေါ်သည်

"ဒီဇိုင်းတွေက အရမ်းခေတ်မီတယ် ဒီဇိုင်းနာက အတော်ကျွမ်းကျင်‌တာပဲ"
"အဲ့လိုလား ကျွန်မကတော့ ကြည့်ရုံနဲ့တော့ မပြောနိုင်ဘူး"

အက်စတယ်လာကို အ၀တ်တွေနှင့် ယှဉ်ကြည့်ရင်း ပန်းရောင်ဆံပင်ဂုတ်ဝဲနှင့် အမျိုးသမီးတယောက် ဆိုင်အတွင်းပိုင်းမှထွက်လာခဲ့သည်
"Chanelရဲ့ အ၀တ်ဆိုင်မှ ကြိုဆိုပါတယ် ကျွန်မက Chanel ဒီဇိုင်းနာနဲ့ ဆိုင်ပိုင်ရှင်ပါ ရှင်တို့ဘယ်လို ဂါ၀န်အမျိုးအစားမျိုးရှာနေကြတာလဲ"
(ဒီnovelရဲ့authorက အခုခေတ် luxury brandရဲ့ နာမည်တွေသုံးသွားတာပါ:3)

ပါနေးရား ရဲရဲတင်းတင်းဖြေလိုက်သည်
"ကျွန်မက ဈေးနှိမ့်နှိမ့် အရည်အသွေးကောင်းတဲ့ဂါ၀န်မျိုးရှာနေတာ"
ထိုစကားတွေက အဓိပ္ပာယ်မရှိသလိုထင်ရသောလဲ သာတူညီမျှလဲလှယ်ခြင်းနိယာမကို လုံး၀လျစ်လျူရှုထားလေသည်
(Law of Equivalent Exchangeဆိုတာက "တစ်စုံတစ်ခုလိုချင်ရင် ညီမျှတဲ့တန်ဖိုး ဒါမှမဟုတ် အဲ့ထက်ပိုမြင့်တဲ့တန်ဖိုး ပြန်ပေးရပါတယ်" အရည်အသွေး‌ေကာင်းတဲ့ဂါ၀န်မလို့ ဂါ၀န်ရဲ့ဈေးနှုန်းက ကြီးပါတယ်)

အရည်အသွေးနဲ့ တောင်းဆိုချက်ကမြင့်ရင် ဈေးနှုန်းကလဲမြင့်ပြီး အရေအသွေးနဲ့ တောင်းဆိုချက်နှိမ့်ရင် ဈေးနှုန်းကလဲနှိမ့်ပါမယ် ဒါက အရာ၀တ္ထု‌တွေ အလုပ်လုပ်ပုံပါ
ဘယ်လိုပဲဖြစ်ဖြစ် Chanelက ထိုအချက်ကို ထောက်ပြမဲ့အစား မေးလာခဲ့သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now