အပိုင်း(၄၃)

835 111 0
                                    


"အရှင်ကာဒီယမ်ကို ပြောစရာရှိလို့ ခဏလာခဲ့တာ အက်စတယ်လာကရော"

"မသွားခင် စီဘရမ် ဘုရင့်နိုင်ငံရဲ့ ကျင့်၀တ်တွေနဲ့ ယဉ်ကျေးမှု အကြောင်း သိထားရင် ကောင်းမယ်ထင်လို့ လုရှန်ဆီကနေ သင်ဖို့လာတာ လုရှန်က စီဘရမ်ဘုရင့်နိုင်ငံက ကြေးစားတွေနဲ့ တခါအလုပ်လုပ်ဖူးတယ် ဒါကြောင့် သူ ဟိုဘက်က ယဉ်ကျေးမှု ဓလေ့ထုံးတမ်းအကြောင်း သိတယ်လေ"

သူမ အိတ်ကို မြန်မြန်လွယ်လိုက်ပြီး
"ရှင်တို့နှစ်ယောက် ကြိုချိန်းထားတယ်ဆိုတာ မသိခဲ့ဘူး ကျွန်မသဘောနဲ့ လာလိုက်မိတယ် ကျွန်မတောင်းပန်ပါတယ် ဒါဆို ကျွန်မပြန်လိုက်ပါအုမ်းမယ်"

သူတို့ကို မရည်ရွယ်ဘဲ ရိုင်းစိုင်းသလိုဖြစ်သွားတာကြောင့် သူမ အမြန်ထွက်သွားဖို့ ကြိုးစားလိုက်ပေမဲ့ လုရှန်နဲ့ အက်စတယ်လာက တချိန်ထဲအော်လိုက်သည်

"ကိစ္စမရှိပါဘူး"

"ရပါတယ်"

သူမလက်ကိုတင်းတင်းကြပ်ကြပ်ကိုင်ရင်း အက်စတယ်လာပြောလိုက်သည်
"ကျွန်မတို့နောက်ဆုံးတွေ့ခဲ့တာတောင် အတော်ကြာပြီပဲ နိုင်ငံခြားမှာ ပညာသင်သွားဖို့ ပြင်ဆင်ရတာနဲ့ အလုပ်ရှုပ်နေတာ ကျွန်မက လုရှန်ပြောတာကိုနားထောင်ရုံပဲ ဒါကြောင့် ကိစ္စမရှိရင် ကျွန်မနဲ့တူတူနေပေးပါလား လုရှန်လဲ အဲ့လိုဆို အဆင်ပြေတယ်မလား"

"ဟုတ်တယ် ကိုယ်လဲ အဆင်ပြေတယ်"
လူနှစ်ယောက်က စိတ်ပျက်လက်ပျက် မျက်နှာထားနဲ့ သူမကို စိုက်ကြည့်နေသည် သူတို့ပုံစံက ပိုင်ရှင် အိမ်ကထွက်သွားမှာကို စိတ်ပူနေတဲ့ခွေးနှစ်ကောင်လိုပင်

သူမ နောက်ဆုံးမှာတော့ ခေါင်းငြိမ့်လိုက်ရသည်
───── 〔✿〕─────

နွေးထွေးတဲ့နေရောင်အောက်မှာ လက်ဖက်ရည်ပွဲလေးခင်းကျင်းထားတဲ့ စားပွဲပတ်ပတ်လည်၌ သုံးယောက်သားထိုင်နေကြသည် စားပွဲပေါ်တွင် အချိုပွဲတွေအပြည့်ရှိနေလေသည် သူမအတွက်ပြင်ဆင်ထားပုံရသည်

သူမက ပျော့ပျောင်းတဲ့ Tart မုန့်ကို ဝါးနေပြီး သူမဘေးမှာထိုင်နေတဲ့ အက်စတယ်လာက လုရှန်ပြောတာတွေကို အာရုံစိုက်စွာနားထောင်းရင်း အချက်အလက်တွေမှတ်‌နေလေသည်
"စီဘရမ်ဘုရင့်နိုင်ငံက လူတွေက တပါးသူဆီကနေ အကူအညီပေးခံရတာကို မကြိုက်ကြဘူး မင်း သူတို့ကိုကူညီဖို့ကြိုးစားမိမယ်ဆိုရင်တောင်မှ သူတို့ထဲက တချို့ စန်းစန်းတင့်သမားတွေက ‌မင်းကို စော်ကားကြလိမ့်မယ် ဒါကြောင့် မင်းက အကူအညီပေးရတာကို ကြိုက်တယ်လို့ သွားမပြောမိစေနဲ့"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now