အပိုင်း(၄၉)

695 111 0
                                    

အခု တိတ်ဆိတ်သွားတဲ့ စံအိမ်ကြီးထဲမှာ သူမတယောက်သာကျန်နေခဲ့ပြီး ထုတ်ပိုးထားတာတွေဖြေဖို့စတင်တော့သည်

အရောင်စုံ မွေးနေ့ဦးထုတ်၊ ကြယ်ပွင့်တွေနှင့် အသံပုံစံ အလှဆင်ပန်းကုံး

အရင်က လုရှနသည် မယ်မယ်ရရ မွေးနေ့ပွဲကျင်းပတာမျိုးမရှိခဲ့

မွေးနေ့ဆိုတာက သူ့အတွက် IDကတ်ထုတ်ပေးဖို့ လိုတဲ့နေ့စွဲတစ်ခုလို့သာ သတ်မှတ်ထား‌တာကြောင့်ဖြစ်သည်

မွေးနေ့ဆိုတာကို သူ့ကဂရုမစိုက်တာကြောင့် သူမွေးနေ့ဆိုတာတောင်ပင် သူသိလိုက်မည်မဟုတ်

"ဒါကတော့ ဟုတ်မနေဘူး"

သူမ၀ယ်လာတဲ့ပစ္စည်းတွေနဲ့ စံအိမ်ကို အလှဆင်ဖို့ စတင်တော့သည်

သူမက အနည်းငယ်လောက် ကလေးဆန်ရတာကို ကြိုက်တယ်လေ

မွေးနေ့ပါတီဆိုတာ ဒါမျိုးဖြစ်နေရမယ်လေ
───── 〔✿〕─────

ကလစ်* သူမ တံခါးဖွင့်သံကြားလိုက်ရသည်

'နောက်ဆုံးတော့ သူရောက်လာပြီပဲ'

အမှောင်ထဲမှာပုန်းနေရင်း သူမ တံတွေးမြိုချမိလိုက်သည်

တခဏကြာပြီးနောက် စံအိမ်ထဲ၀င်လာတဲ့ခြေသံတွေကို သူမကြားလိုက်ရသည် လုရှန်အသံက ကျယ်ပြောလှသော လျှောက်လမ်း၌ ထွက်ပေါ်လာခဲ့သည်

"ပေါလ်?"

သူမရင်တွေခုန်လာတော့သည်

"ထူးဆန်းတယ် သူဘယ်များသွားနေတာလဲ"
လုရှန် စတင်လမ်းလျှောက်လာပြီး စူးစမ်းလိုစိတ်နှင့် စိုးရိမ်သောအသံနှင့် ရေရွတ်နေတော့သည်

မရေမတွက်နိုင်လောက်တဲ့အတွေ့အကြုံတွေအရ အခုအချိန်က သူမထွက်ပေါ်ရမယ်အချိန်ဆိုတာ သူမပြောနိုင်တယ် သူမ  ရှေ့ကို ခြေလှမ်း မြန်မြန်လှမ်းလိုက်ရင်း

“Happy hirthday.”

'အိုး သေစမ်း စိတ်လှုပ်ရှားလို့ အသံအက်သွားပြီ'

ဒါပေမဲ့ သူမ အခု အဲ့တာနဲ့ပတ်သတ်ပြီး ဘာမှမလုပ်နိုင်တော့ပေ စာကြောင်းတစ်ကြောင်းသာကျန်တော့သည်
“Happy birthday to you.”

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now