အပိုင်း(၇၃)

324 50 1
                                    

ကြည့်ရင်းနှင့် သူမ စိတ်တိုလာလေသည်
'ဟေ့ အဘိုးကြီး လုရှန်က နတ်ဆိုးမဟုတ်ဘူး သူ့ကိုအဲ့လိုမျိုး ပြောနေတာတွေ ရပ်လိုက်စမ်းပါ'

သူမ သူနှင့် တကယ်ကို ရန်ထဖြစ်ချင်သွားပြီး သူမဘေးနားရပ်နေတဲ့ကားလစ်ရဲ့ရုပ်ကိုမြင်ပြီး သူမကိုယ်သူမ ထိန်းထားရုံသာရှိတော့သည်
'ဉာဏ်မရှိမလုပ်စမ်းနဲ့ ကိစ္စတွေရှုပ်ထွေးသွားအောင်လုပ်မလို့လား' ကားလစ်မျက်လုံးများက သူမကို သတိပေးနေလေသည်

အသက်ကိုပြင်းပြင်းရှုလိုက်ပြီး စိတ်ကိုတည်ငြိမ်အောင်လုပ်လိုက်သည် 'ဟုတ်တယ် ဒီအဘိုးကြီးက လုရှန် ပြန်ရောက်လာအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ သိတယ်လို့ အက်စတယ်လာပြောဖူးတယ်'
သူမလုပ်နိုင်တာဆိုလို့ တည်ငြိမ်အောင်လုပ်ပြီး ထိုအဘိုးကြီးပြောသမျှ အဓိပ္ပာယ်မရှိတာတွေ နားထောင်ဖို့ရာရှိတော့သည် ထိုလူအိုကြီးက
"ငါ ဒီပစ္စည်းကို ဒီကနေ့အတွက်သိမ်းထားခဲ့တာ ဒါကို သူတော်စင်ဆီ ငါပေးလိုက်မယ် နတ်ဆိုးကို အမြစ်ပြတ်သုတ်သင်ဖို့ဒါကိုသုံးလိုက်ပါ"
လူအိုကြီး ဗီဒိုထဲကနေ ထုတ်လာပြီး အက်စတယ်လာဆီ ကမ်းပေးလိုက်သည့် အရာက ငွေလည်ဆွဲ‌လေးဖြစ်သည်

* * *

လူအိုကြီးရဲ့ အိမ်ကနေ သူတို့ထွက်လာကြသည် အက်စတယ်လာလက်ထဲက ငွေလည်ဆွဲလေးကိုကြည့်ပြီးမေးလိုက်သည်
"ဒါကဘာလဲ"

"အဲ့ဒါက..."

အက်စတယ်လာက လည်ဆွဲကို ခါးသက်သောမျက်နှာနှင့်ကြည့်ပြီးပြောလေသည်
"နေးရားကို ကျွန်မ မရှင်းပြခင် နေရာတစ်ခုကို ခေါ်သွားချင်တယ်"

"ဘယ်ကိုလဲ"

"လုရှန် ကလေးဘ၀တုန်းက နေတဲ့နေရာ"

"..."

မျက်နှာတည်သွားပြီး သူမခေါင်းညိမ့်လိုက်သည်

အက်စတယ်လာ သူမကို လိုက်ပို့တဲ့နေရာကရွာကနေ အတော်ဝေးလေသည် လူသူကင်းမဲ့တဲ့နေရာတစ်ခုမှာ အချိန်မရွေးပြိုကျသွားနိုင်တဲ့ စွန့်ပစ်အိမ်အိုကြီးတစ်လုံးရှိလေသည်

တံခါးကို ဖြတ်၀င်ပြီးနောက် သူမ မျက်မှောင်ကြုတ်မိလေသည် ကြမ်းပြင်မှာ ဖုန်တွေ ထူထပ်နေပြီး ပြတင်းပေါက်တွေက တွဲလောင်းကျ‌ကာ အကောင်းပတိမရှိသလောက်ပင် စားပွဲခုံအိုတစ်လုံးပေါ်မှာ ရှိနေတဲ့ ပန်းကန်လုံးတွေ ပန်းကန်ပြားတွေက ‌ကြမ်းပြင်ပေါ်မှာ လှိမ့်နေလေသည် ဒီနေရာကို မပြင်ဆင်တာအတော်ကြာပြီဟု အကဲဖြတ်ပြီးနောက် နေထိုင်ဖို့ရာပင် မသင့်တော်ပေ ကားလစ်က နှာခေါင်းကို အုတ်ရင်း မျက်မှောင်ကြုတ်လေသည်
"အမှိုက်ပုံးကတောင် ဒီနေရာထက်ပိုပြီး သန့်ရှင်းအုမ်းမယ် ကာဒီယမ်က ဒီလိုနေရာမျိုးမှာ ကြီးပြင်းလာခဲ့တာလား"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now