အပိုင်း(၂၃)

1K 135 2
                                    

"အို နှုတ်ဆက်ပါတယ် အရှင်ကာဒီယမ်"
"ရှင်ကို အခုလို ပွဲ‌မျိုးမှာတွေ့ရတာပထမဆုံးအကြိမ်ပဲ ရှင်ပွဲတတ်တာမြင်ရတော့ ကျွန်မ အလွန်အမင်းကို ၀မ်းသာမိပါတယ်"
"ဒါနဲ့ ရှင်ကျွန်မကိုမှတ်မိလား ကျွန်မက ရှင်ရဲ့ စေ့စပ်ပွဲအခမ်းအနားတုန်းက တတ်ရောက်ခဲ့သေးတယ်"
ပိုးဖလံတွေ မီးထဲ တိုး၀င်လာသလို မရေမတွက်နိုင်သောလူတွေ အသက်အရွယ် ယောကျာ်းမိန်းမမရွေး လုရှန်ဘေးသို့ စုဝေးလာခဲ့သည်

'‌ဟေး ငါလဲ ဒီနေရာမှာ ရှိနေပါသေးတယ်နော်'
ဘယ်လိုပဲဖြစ်နေပါစေ သူမက ထိုလူတွေရဲ့မြင်ကွင်းထဲ ၀င်ပင်မ၀င်နိုင်ခဲ့ပေ
တစ္ဆေတစ်‌ကောင်လို ဆက်ဆံခံနေရတာ အနည်းငယ်စိတ်ပျက်နေစဉ် တခြားတစ်ဖက်မှာလဲ စိတ်ကျေနပ်မိသည်

'ငါအကြိုက်ဆုံးကာရိုက်တာ အချစ်ခံနေရတာကိုမြင်ရတာ ကောင်းလိုက်တာ'

သေချာပေါက် သူမရင်ထဲကအပျော်ကိုခံစားနေစဉ် ဆန့်ကျင်ဘက် လုရှန်မျက်နှာကတော့ လူတွေတိုးဝေ့နေတာကြေညင့် အနည်းငယ်တောင့်တင်းနေလေသည် အရမ်း သနားစရာကောင်းလိုက်တာ

'သူက အရမ်းလှပနေတုန်းပဲ'

လုရှန်က သူ့အပေါ် လူတွေဆီမှ အာရုံစူးစိုက်ခံရတာကို မကြိုက်ပေ တိတိကျကျပြောရရင် သူက ထိုအရာကြောင့် ၀န်လေးသလိုခံစားရ‌တာကြောင့်ဖြစ်သည် သူက ကမ္ဘာပေါ်က အလှတရားအားလုံး နဲ့ လက်ထပ်ခွင့်ကမ်းလှမ်းခံရဖို့ အပြည့်အ၀နှိုးဆော်ပေးနိုင်သော ယောကျာ်းတစ်ယောက်ဖြစ်သော်လည်း
သူမျက်လုံးအရောင်အဆင်းကြောင့် အနိုင်ကျင့်ခံခဲ့ရတဲ့ သနားစရာ ကလေးဘ၀ရဲ့ အကျိုးဆက်ပင်ဖြစ်သည်
အင်ပါယာရဲ့ အကြီးမြတ်ဆုံး စစ်သည်ဖြစ်လာခဲ့ပြီးတာတောင်မှ သူငယ်ရွယ်စဥ်ဘ၀၏ ခါးသီးမှုက အခုထိတိုင်ကျန်ရှိနေသေးသည်

'သူ့ရဲ့အလုပ်ကြိုးစားတဲ့ဗီဇကြောင့် ဆွဲဆောင်နိုင်တဲ့အရည်အချင်းရှိတဲ့ ဒုတိယဇာတ်လိုက်ဖြစ်နေတာ သူသာ ကိုယ်ကိုကိုယ်ယုံကြည်မှုပိုရှိအောင် ကျင့်ကြံနိုင်ရင် ကောင်းမှာပဲ'
ဟိတ်ဟန်အပြည့်နဲ့ 'မင်းငါ့ကိုမကြိုက်ဘူး?မင်းလုပ်ရဲတယ်ပေါ့?ငါ့အပေါ်ကို?'ဆိုပြီး သူကိုငြင်းပယ်ခဲ့တဲ့ အမျိုးသမီးဇာတ်လိုက်ကို ပြောပစ်စမ်းပါ

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now