အပိုင်း(၇၇)

361 67 3
                                    

လုရှန်၏ရဲတိုက်ဆီ သူမဦးတည်လိုက်သည် သူမအဝေးရောက်နေစဉ် မြောက်ဘက်နယ်မြေက ‌ပိုအေးလာပြီး နှင်းတွေအပုံလိုက်ဖြစ်လာလေသည် ဒါကြောင့် သူမ ဒီနေရာကနေထွက်လာကထက် လမ်းက ပိုကြမ်းလေသည် သို့သော်လည်း သူမရှေ့ဆက်သွားနိုင်ရတာက ကားလစ်နဲ့ အက်စတယ်လာတို့ကျေးဇူးကြောင့်ဖြစ်သည်

အိမ်ရှေ့စံမင်းသားအာဏာကြောင့် ကားလစ်က သူမတို့အား အကြံခိုင်ဆုံး စွတ်ဖားနဲ့ အင်ပါယာ၌ အကြမ်းခံနိုင်ဆုံး မြေခွေးတို့ကို ပေးလေသည် အက်စတယ်လာက ညတိုင်း သူမခန္ဓာကိုယ်ထဲ စုပုံလာသော မောပန်းနွမ်းနယ်မှုကိုဖြေလျော့ဖို့ နတ်ဘုရား စွမ်းအားကို သွင်းပေးလေသည် ညဘက်၌ နှင်းမုန်တိုင်း တိုးတတ်လာတာကြောင့် ရွက်ဖျင်တဲ စိုက်ပြီး ခဏတဖြုတ် အနားယူလေသည်

မီးပုံရှေ့မှာ လက်ထဲ၌ စွပ်ပြုတ်ပူပူတစ်ချို့နှင့် ထိုင်နေကြသည် သူမဘေးမှာ အက်စတယ်လာနှင့် ကားလစ်တို့ ရှိနေလေသည် အက်စတယ်လာက စိတ်ပူတဲ့မျက်နှာနှင့်
"ရှင့်မျက်နှာက တကယ်ကို ထိခိုက်နေပြီ နေးရား ကျွန်မက ရှင့်ရဲ့ အပြင်ပိုင်းကြံခိုင်အားကိုပဲ အကြိမ်ပေါင်းများစွာ ထိန်းသိမ်းပေးနိုင်တာ ဒီလိုကြမ်းတမ်းတဲ့လမ်းကို လုံး၀မနားပဲ ရက်ပေါင်းများစွာသွားတော့ ရှင့် ခန္ဓာကိုယ်ကို အလွန်အမင်း သုံးနေတာ ကျွန်မတို့ အနီးအနားက ရွာတစ်ရွာရောက်ရင် ခဏရက်ပြီး ဘာလို့ တစ်ရက်မနားရမှာလဲ"

သူမကခေါင်းကိုခါလေသည် ထိုအရာတွက် သူမမှာအချိန်မရှိပေ လုရှန်ဆီ ဖြစ်နိုင်ရင် မြန်မြန်ရောက်သွားချင်သည် အက်စတယ်လာ သက်ပြင်းလေးတစ်ချက်ချပြီး သူမကိုကြည့်လေသည် ပြီးနောက် သူမလက်ကိုကိုင်ကာ နတ်ဘုရားစွမ်းအားကို ကိုင်လေသည် ခဏကြာတော့ အနွေးဓာတ်လေးက သူမလက်ချောင်းတွေကတဆင့် ၀င်လာသည်

နေမကောင်းဖြစ်တဲ့သူကို ကုသချိန်တွင် သုံးတဲ့ စွမ်းအား ကြီးကျယ်တဲ့ပမာဏမျိုးတော့ မသုံးပေ လဲမကျ သွားရုံလောက် ပမာဏ အနည်းငယ်သာသုံးလေသည် ဒီပမာဏနည်းနည်းကလဲ သူမအတွက် အ‌ေတာ်အထောက်အကူဖြစ်‌သည် အေးခဲနေတဲ့ သူမခန္ဓာကိုယ်ထဲ အနွေးဓာတ်ကိုခံစားရတော့ လုရှန်ကိုတွေးလိုက်မိသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now