အပိုင်း(၂၂)

986 120 1
                                    

"ဒီတခါတော့ ကိုယ် မင်းကို မွေးနေ့ပါတီဆီ လိုက်ပို့ပေးမယ်" (ဒီနေရာမှာ သုံးသွားတာက 'escort'ဆိုတဲ့စကားလုံးပါ အဲ့ခေတ်အခါက ပွဲတတ်ရင် ယောင်္ကျားလေးဆိုရင် မိန်းကလေးအဖော်နဲ့ တတ်ရပါတယ် မိန်းကလေးဆိုယောကျာ်းလေးအဖော်နဲ့ စုံတွဲလိုက်တတ်ရတာပါ အဲ့တာကြောင့်လုရှန်က တူတူလိုက်တတ်ပေးမှာပါ)
သူမအံဩလွန်းလို့ မျက်လုံးတွေ ကျွတ်ကျမလိုပင်ဖြစ်ခဲ့ရသည်

မူလ၀တ္ထုအရဆို လုရှန်က အိမ်ရှေ့စံမင်းသားရဲ့ ပွဲကိုမတတ်ရောက်ခဲ့တာကြောင့်ပင်
သူရဲ့လူစုလူဝေးကိုမုန်းတဲ့စိတ်ကြောင့် ပထမကထဲက လူမှုရေးအရလုပ်ငန်းတွေမှာ တတ်ရောက်ခဲသည် ဒါအပြင် ဒီပွဲက တခြားတယောက်လဲပွဲလဲမဟုတ်ပေ သူရဲ့ အချစ်ပြိုင်ဘက်ကြီး အိမ်ရှေ့စံမင်းသားရဲ့ ပါတီပင်
ဒါတွေအားလုံးထက် သူအရှောင်ချင်ဆုံး အက်စတယ်လာလဲ တတ်ရောက်မည်ဖြစ်သည်
သူနှလုံးသားကလဲ သူမကို မြင်ရုံနဲ့တင် နာကျင်ရလိမ့်မည်

ပါနေးရား ရှုပ်ထွေးနေမိသည်
'သူသာ လာမယ်ဆိုရင် ငါပြောပြောနေတဲ့သူငယ်ချင်းက အက်စတယ်လာဆိုတာ သူရှာတွေ့သွားလိမ့်မယ်'
သူမက ဒီအရာကို လျို့ဝှက်ချက်တစ်ခုအနေနဲ့ ထာ၀ရ သိမ်းမထားချင်ပေ ဒါပေမဲ့လဲ သူ အရမ်းမြန်မြန် ရှာတွေ့သွားမှာကိုလဲမဖြစ်ချင်ပေ

သူမပါးစပ် ရှုံတွမိသွားသလို ခံစားလိုက်ရသည်
ဒါပေမဲ့ လုရှန်က သူဓားကို နေရာရွေ့လိုက်သည်
"ဒါဆို အဆင်ပြေတယ်မလား လေဒီပါနေးရား"

'သူက ငါ့ ဖီယမ်းဆေး (fiancè)ပဲလေ'
တစ်စုံတစ်ယောက်ရဲ့ fiancèက သူမနဲ့အတူ တရား၀င်ပွဲတစ်ခုခုတတ်ရောက်ဖို့မေးလာခဲ့ရင် ငြင်း‌နေဖို့ အကြောင်းပြချက်မရှိပေ
သူမ ကိုးရိုးကားယားပြုံးရင်း ပြန်ဖြေလိုက်သည် သူမနောက်ကျော၌ ချွေးတွေထွက်ရင်းနှင့်ပင်

"သေချာ‌ပေါက် အဆင်ပြေတာပေါ့"
'လုံး၀ကို အဆင်မပြေဘူး အဆင်မပြေဘူး!'

────── 〔〕──────

အိမ်ရှေ့စံမင်းသားရဲ့ 18thကြိမ်မြောက်မွေးနေ့ပွဲအခမ်းအနားနေ့သို့ရောက်ရှိလေသည်
ထိုအချိန်သည့်တိုင် ကားလစ်ကဲ့သို့စေ့စပ်ထားခြင်းမရှိတဲ့ တော်၀င်မျိုးနွယ်တယောက်တစ်ယောက်အတွက် ရှားပါးမှုပင်
ဒါပေမဲ့ အခုထိတော့ အိမ်ရှေ့စံမင်းသမီးဖြစ်ဖို့ရာ သင့်တော်တဲ့ ပါ၀င်သူရှာဖွေရန် မဖြစ်နိုင်သေးပေ
လျို့ဝှက်ချက်‌အနေနဲ့ ဒီနေ့အခမ်းအနားဟာ ထိုအရာကို ရှာဖွေရန် ပွဲတစ်ခုပင်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now