အပိုင်း(၉)

1.4K 181 1
                                    

Side Storyကို chapter တခုအနေနဲ့ etranကရေးထားတာကြောင့် သူ့အတိုင်းလုပ်လိုက်တာပါ

ဒါပေမဲ့ ဘာက ကွဲပြားနေခဲ့တယ်ဆိုတာကတော့.....

လေးလံနေသော တိတ်ဆိတ်မှု တစ်ခု သူတို့နှစ်ယောက်ကြား ဖြစ်ပေါ်လာလေသည်
ဘာတွေပြောသင့်လဲဆိုတဲ့အကြောင်းတွေးခဲ့ပေမဲ့ ဂုဏ်သိက္ခာရှိမိသားစုတစ်ခုက မိန်းမမျိုးတယောက်ကို ပြောရန် ထိုက်တန်သော စကားများ သူလုံး၀စဉ်းစားမရတော့ပေ
သူက တိတ်ဆိတ်ခြင်းနှင့် အကျင့်သားရနေပြီ ဖြစ်ပေမဲ့ သူမကရော?

သူ တစိမ့်စိမ့်တွေးနေတုန်း သူမ မျက်လုံးတွေကို အောက်စိုက်ကြည့်ရင်း အသံကျယ်ကျယ်‌နှင့်အော်လေသည်

"ရှင် ဒဏ်ရာရထားတာပဲ"

သူမမျက်လုံးတွေက ယုန်တကောင်လို ပြူးကျယ်နေပြီး လုရှန်လည်ပင်းမှာရှိနေတဲ့ အနာသေးသေးလေးရှိသောနေရာကို အကြည့်ရောက်နေခဲ့သည်
လုရှန် အနာကို စိတ်ရှုပ်ထွေးသော‌ပုံစံနှင့် ကာထားမိသည်

သူ့တွင် အနာ‌ဒဏ်ရာတွေကို အလိုလို ကုသပေးသောစွမ်းရည်ရှိသည် ဒါပေမဲ့ သူက ဒီကိစ္စကို လူအများဆီက တတ်နိုင်သမျှ ဖုံးကွယ်ထားခဲ့သည်
သူကမွန်းစတားတကောင်ဖြစ်နေတယ် ကဲ့သို့သော သူအကြောင်း ကြောက်စရာစကားလုံးတွေနှင့် ပြောကြသည်ကို ပြန်ကြားရသည်ကို သိသောကြောင့်ပင်

"ကိစ္စအကြီးကြီးမဟုတ်ပါဘူး စိတ်ထဲမထားပါနဲ့"
သူသာ တခြားနည်းနှင့်ပြောမိလျှင် အာရုံစိုက်ခံရဖို့ ဆွဲခေါ်သလိုဖြစ်သွားမည်ဟု တွေးမိလေသည်

ဒါပေမဲ့ ပါနေးရားက သူအိတ်ငယ်ထဲက ဆေးပစ္စည်းတွေကို ထုတ်ခာပြီး သူဘေးနားက ထိုင်ခုံသို့ လာလေသည်

သူအနားသို့ ကပ်လာလာခြင်း သူမနှာခေါင်းထိပ်မှ ခပ်ပြင်းပြင်းနှင်းဆီရနံတစ်ခု ရလိုက်လေသည်
လုရှန် မသိလိုက် မသိဘာသာနှင့် ခပ်တောင့်တောင့်ဖြစ်မိသွားခဲ့သည်

စစ်မြေပြင်မှာအချိန်ကြာကြာနေခဲ့သည့် သူအတွက် သည်အနံက သူအတွက်အတော်ပြင်းလေသည်

ဘာကိုခံစားရမည်မသိဘဲ ပါနေးရား အပြစ်ကင်းသောမျက်နှာနှင့် သူလည်ပင်း၌ ပတ်တီးပတ်ပေးခဲ့သည်
သူမက သူလည်ပင်းကို လက်ချောင်းပါးပါးက‌လေးများနှင့်ဖိရင်း ပြောခဲ့လေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now