အပိုင်း(၃၁)

922 124 0
                                    

"သူက ဂရုမစိုက်တာမဟုတ်ဘူး သူက သတိထားနေတာ သူက အလုပ်လုပ်လက်စအချိန်အတွင်း ခံစားချက်တွေကို  အပျော်သဘောနဲ့ ဖော်ပြတတ်တဲ့သူမျိုးမဟုတ်ဘူး ပြီးတော့လဲ သူက ဒီလိုမြင်ကွင်းကြောင့် အထင်‌လွဲရလောက်အောင် ကလေးဆန်တဲ့သူမဟုတ်ဘူး"

'ငါဘာတွေပြောနေတာပါလိမ့်'

လုရှန်က သူမကိုလုံး၀ဂရုမစိုက်တာမျိုးမဟုတ်ဘူးဆိုတဲ့အချက်ကို ငြင်းဆန်ချင်တာကြောင့် အဓိပ္ပာယ်မရှိတဲ့ ဆင်ခြေတွေအားလုံးကို ထုတ်ပြောလိုက်မိသည်
ရှုပ်ထွေးနေတဲ့ မျက်နှာကို ဖုံးကွယ်ရင်းပြောလိုက်သည်

"ကျွန်မရှင့်ကိုပြော‌ပြီးပြီနော် ကျေးဇူးပြုပြီ ဖယ်ပေးပါ ကျွန်မကိုသွားခွင့်ပြုပါဦး  နေကတအားပူတယ် ကျွန်မ ဒီနေရာမှာ ထပ်ပြီးရပ်မနေနိုင်တော့ဘူး"
ကားလစ်စကားတစ်ခွန်းမှမပြောဘဲ သူမကိုကြည့်နေခဲ့သည်
မာနကြီးသလိုပုံစံရှိတဲ့ သူ့မျက်လုံးတွေက အရင်က တစ်ခါမှမဖြစ်ဖူးတဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ပြနေခဲ့သည်

တခဏကြာပြီးနောက် ကားလစ်ခြေတလှမ်းနောက်ဆုတ်ပေးလိုက်လေသည် သူမ ရိုးရှင်းစွာ ခေါင်းကို ညွှတ်ပြီး နှုတ်ဆက်ရင်း ဆက်လျှောက်သွားလိုက်သည်
ကျောကိုဖြောင့်ဖြောင့်ထားကာ နာကျင်မှုမရှိတာကို ဂုဏ်ယူသလို လျှောက်သွားခဲ့သည်

သူမခုနက ဖြစ်ပျက်သွားခဲ့တဲ့အရာကို တွေးနေစဉ်

'ငါ နောက်ကိုပြန်လှည့်သင့်လား လုရှန် အခုရော ငါ့ကို ကြည့်များနေမလား'

အဆုံးမှာတော့ လေ့ကျင့်ရေးကွင်းက ထွက်ခွာလာတဲ့အချိန်ထိ သူမ လှည့်မကြည့်ခဲ့ပေ
သူမဆီကနေ လှည့်ထွက်သွားတဲ့ သူရဲ့ လျစ်လျူရှုတဲ့မျက်နှာကို သူမမမေ့နိုင်ခဲ့ပေ
သူမကိုကြည့်နေရင်းကနေ တခြားသူတွေနဲ့ စကားပြောဖို့ လှည့်ထွက်သွားတဲ့ သူ့ပုံရိပ်ကိုမမေ့နိုင်ခဲ့ပေ

ထီးကိုင်ထားတဲ့ သူမရဲ့လက်တွေကို တင်းတင်းကြပ်ကြပ်ဆုပ်လိုက်မိသည်
───── 〔〕─────

မောပန်းနွမ်းနယ်နေသော မျက်နှာဖြင့် စံအိမ်ထဲသို့ ၀င်လာသောသူမကို အန်နီက ဒွမ်မာခင်းရင်း နှုတ်ဆက်လိုက်လေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now