အပိုင်း(၆၉)

774 104 7
                                    

စိန်သေးသေးလေး အရေအတွက်ထောင်ချီလောက်နှင့် သိပ်သည်းစွာစီချယ်ထားတဲ့ မင်္ဂလာ၀တ်စုံကိုကြည့်ပြီး လုရှန်ခေါင်းကိုစောင်းထားလေသည်
"ဒါလေးက ကောင်းတယ်ထင်တယ် ဒါပေမဲ့ ကိုယ်က ၀တ်စုံတွေအကြောင်းသိပ်မသိဘူး နေးရားရော ဘယ်လိုထင်လဲ"

အခု သူမရဲ့ စိတ်အခြေအနေက မင်္ဂလာ၀တ်စုံကို စူးစမ်းချင်တဲ့ အခြေအနေမဟုတ်ပေ သို့သော်လည်း သူမအရှေ့က ခေါင်းငုံ့ထားတဲ့ ဒီဇိုင်းနာကို မြင်လိုက်ချိန်မှာ တစ်ခုခုပြောသင့်ကြောင်း သူမသိလိုက်သည် ဒီဇိုင်းနာရဲ့လက်တွေ တုန်နေဝာာကို သူမမြင်နိုင်သည် ဒီဇိုင်းနာခံစားနေရတဲ့ အကြောက်တရားကိုလဲ သူမခံစားနိုင်လေသည် ဒီ၀တ်စုံအကြောင်း ဆိုးတာတစ်ခုခုပြောလိုက်တာနဲ့ ဒီဇိုင်းနာရဲ့ ခေါင်းက လေထဲ ဝဲသွားမယ်ဆိုတာ သူမ ယုံကြည်လေသည်

ခေါင်းကို အရေးတကြီးညိမ့်ရင်း
"ကျွန်မလဲ ကြိုက်ပါတယ် တကယ်လှတယ်"

ထိုအခါမှသာ ဒီဇိုင်းနာက ခေါင်းကိုမော့လာနိုင်ပြီး တောက်ပစွာပြုံးလာနိုင်တော့သည်
"ဒါဆို ၀တ်ကြည့်လိုက်ရအောင် ပြင်စရာလိုတဲ့နေရာတွေများရှိသေးလား ကျွန်မတို့ ကြည့်ရအောင်လို့လေ"

ဒီဇိုင်းနာက လုရှန်က ကြောက်ရွံ့စွာ လှမ်းကြည့်လိုက်သည် လုရှန်က ခေါင်းကို စောင်းကာ 'အာ'လို့ ရေရွန်ပြီး မျက်နှာ အတန်ငယ် နီရဲလာပြန်သည်
“ဒါဆို ကိုယ်ထွက်သွားရမှာလား”

"ဟုတ်တယ် ကျွန်မ အတွင်းခံဘာညာ ချွတ်ရအုမ်းမယ်လေ"

လုရှန်က စိတ်ရှုပ်သလိုမျက်နှာနှင့် ခဏလောက် ရပ်နေကာ ထို့နောက် သက်ပြင်းချလေသည်
"မြန်မြန်လုပ်ရမယ် သိတယ်မလား"

"ဒါ ဒါပေါ့"

လုရှန်က ဒီဇိုင်းနာကို "ငါ့ သတို့သမီးတခုခုဖြစ်ကြည့် မင်းရဲ့ ဝိဉာဉ်ကို တစ်စစီ စုတ်ဖြဲပစ်မယ်" လို့ တော့ မခြိမ်းခြောက်ခဲ့ပေ သို့သော်လည်း အေးစက်စက်နီရဲရဲမျက်လုံးတွေနဲ့ အကြည့်တစ်ချက်ပေးပြီး အစားထိုး ခြိမ်းခြောက်ခဲ့လေသည်
အဲ့ဒါလေးလုပ်ပြခဲ့သော်လည်း  ဒီဇိုင်းနာက ခလုတ်ပင်တိုက်မိမတတ်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now