အပိုင်း(၄၂)

848 101 0
                                    

အန်နီက တံခါးကို ရက်စက်စွာ ပိတ်လိုက်သည်

သူမအဖေရဲ့ စကားများမှုကို နားထောင်ချင်စိတ်မရှိပေ သူမသက်ပြင်းချလိုက်ရင်း မျက်နှာကြပ်အထိရောက်နေတဲ့လက်ဆောင်ဘူးတွေကို ကြည့်လိုက်ပြီး ထွက်ခွာဖို့လုပ်လိုက်သည်

"အန်နီ အပြင်ထွက်ဖို့ပြင်ဆင်ထားလိုက် ရထားလုံးကို အဆင်သင့်ဖြစ်အောင်လုပ်ထားလိုက် ငါ အရှင်ကာဒီယမ်ရဲ့စံအိမ်ကိုသွားမယ်"

အန်နီက စိတ်ပျက်လက်ပျက်ဖြင့် မေးလိုက်သည်
"လက်ဆောင်တွေအားလုံးကို ပြန်ပေးချင်တာသေချာလား"

"ငါပြန်ပို့မှာလို့ပြောခဲ့တယ်လေ"

"လေဒီ အရင်တုန်းက အရှင်ကာဒီယမ်ပေးသမျှလက်ဆောင်တိုင်းကိုလက်ခံခဲ့တာပဲလေ ‌ဒီပမာဏက နည်းနည်းလေးများတယ်ဆိုပေမဲ့ သူကစေတနာနဲ့ ပေးတာကို တကယ် ပြန်ပို့မှဖြစ်မှာလား"

ထိုအချိန်တုန်းက သူငယ်ချင်းတစ်ယောက်ကပေးတဲ့လက်ဆောင်အနေနဲ့တွေးခဲ့တာကြောင့် သူမလက်ခံခဲ့သည်

'ဒါပေမဲ့ အခုက လုံး၀ကြီးကွာခြားသွားပြီ ဒီလက်ဆောင်တွေက ငါကိုကြိုက်နေကြောင်း၀န်ခံထားတဲ့ယောကျာ်းတစ်ယောက်ဆီက ရတဲ့ဟာတွေ'

လက်ဆောင်တွေက အတူတူပဲဆိုရင်တောင်မှ အဓိပ္ပါယ်မတူပေ ရိုးရိုးသားသားပြောရရင် ဒါက သူမကို ဖိအားပေးနေသလိုခံစားရသည် အန်နီကို ဒီအကြောင်းတွေအားလုံး မပြောပြနိုင်တာကြောင့် သူမပါးစပ်ကိုပိတ်ထားလိုက်သည်

အန်နီက သတိထားပြီး မေးလိုက်သည်
"လေဒီ အရှင်ကာဒီယမ်ဆီက ရည်းစားစကားပြောခံခဲ့ရတာလား"

သူမအသက်ကိုပြင်းပြင်းရှုလိုက်ရင်း အန်နီကို မျက်လုံးပြူးကြီးနှင့်ကြည့်လိုက်သည်

သူမမှာ အံ့သြလွန်းလို့ မငြင်းဆန်နိုင်ဘဲ စကားပင်ထစ်သွားခဲ့သည်
"ဘယ် ဘယ်လိုသိသွားတာလဲ ဧကရာဇ်လိုပဲ နင် ငါကိုစောင့်ကြည့်နေတာလား"

သူမနဲ့ ဆန့်ကျင်စွာ အန်နီ က တည်ငြိမ်စွာ ပြန်ဖြေလာခဲ့သည်
"မဟုတ်ပါဘူး ကျွန်မက သဘာ၀ကျကျပဲ သိလိုက်ရတာပါ ဧကရာဇ်ကို တွေ့ဖို့ သွားပြီးကထဲက လေဒီအများကြီးပြောင်းလဲသွားခဲ့တာ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now