အပိုင်း(၈၃)

625 50 0
                                    


‘ဟ လုရှန်အပေါ် သူရဲ့အမြင်ကမှားတယ်လို့ ၀န်ခံလိုက်တာလား အခုကျတော့ စကားတွေပြောင်းပြောနေပြန်ပြီ ထားပါတော့ သူက အမြဲတမ်းလိုလို စိတ်ပြောင်းလဲလွယ်တဲ့သူပဲကို’

ဘာပဲဖြစ်ဖြစ်ပါ ဧကရီမတတ်တာကလဲ ကောင်းတဲ့အရာတစ်ခုပဲလို့ ဧကရာဇ်ကတွေးလိုက်သည်

လုရှန် ကပွဲကိုရောက်လာတာနဲ့ အထက်တန်းလွှာအများအပြားက တောက်ပနေသောမျက်လုံးတွေနဲ့ ခေါင်းကိုလှည့်ပြီး လုရှန်ရှိရာသို့ ကြည့်လိုက်သည်

'လုရှန်က အခုတော့ တည်ငြိမ်နေပုံပေါ်ပေမဲ့ သူက နတ်ဆိုးကျိန်စာသင့်နေတာဆိုတာကို သက်သေပြဖို့ လူတွေ တစ်စုံတစ်ခုလုပ်ဖို့ ကြိုးစားကြမှာ သူက ကပွဲကို ပြဿနာမရှာပဲ ဖြတ်သန်းနိုင်ပါမလား စိုးရိမ်နေမိတယ်'

ဧကရာဇ်လဲ ဦးခေါင်းကိုက်သလိုဖြစ်လာတာကြောင့် နှာဖူးကို သုတ်နေမိသည်

ဧကရာဇ်ကို ကြည့်ပြီး ကားလစ်က ပေါ့ပေါ့ပါးပါးအပြုံးလေးနှင့်ပြောလိုက်သည်

“အဖေ စိတ်ပူစရာမလိုပါဘူး”

ဧကရာဇ်၏စိတ်ပူပန်ပုံနှင့်ဆန့်ကျင်စွာ ကားလစ်က လုံး၀ကို ရူးနေတဲ့ အရူးတစ်ယောက်ဖြစ်မလာခဲ့ပေ သူ၏စိတ်ဝိညာဉ်က အက်စတယ်လာဖမ်းစားတာကိုခံထားရသော်လည်း ကားလစ်က ဉာဏ်ရည်ထက်မြတ်တဲ့ အိမ်ရှေ့စံမင်းသားတစ်ယောက်ဖြစ်နေဆဲပင် အက်စတယ်လာရဲ့အာမခံမှုကြောင့် စိတ်ပေါ့ပါးနေတာမဟုတ်ပေ ကားလစ်က သေချာနေ‌တာကြောင့်ဖြစ်သည်

ဒီနေ့ရဲ့ဆောင်းရာသီပွဲတော်က လုရှန်နဲ့ပါနေးရားတို့ရဲ့ အောင်မြင်တဲ့ ပြန်လာမှုအတွက် စတိတ်စင်ဖြစ်ပေလိမ့်မည် သူတို့အတွက် စင်တစ်ခု ပြုလုပ်ပေးထားဖို့ သူစီစဉ်ထားလေသညခ
* * *

ဆောင်းရာသီပွဲတော်စတင်လေသည် ကပွဲခန်းမထဲ၌ အင်ပါယာရဲ့ အထက်တန်းလွှာများက တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြသည် မြို့စားကတော်က လက်မှာ ယပ်တောင်တစ်ချောင်းနှင့် ဆံပင်ကို မြင့်မြင့်ထုံးဖွဲ့ထားသည် မြို့စားကတော့ လက်မောင်းကို သူမနား ဝိုင်းထားပြီး တခြားတဖက်က မုတ်ဆိတ်မွှေးကို ကိုင်နေလေသည် သို့သော်လည်း သူတို့ရဲ့ ခေတ်မှီ၀တ်ဆင်ပုံနှင့်ဆန့်ကျင်စွာ သူတို့က ထူးဆန်းစွာ ငြိမ်နေကြသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now