အပိုင်း(၆၈)

583 80 2
                                    

သူမ တုန်ရီနေတာကို သတိထားမိ‌သွားတဲ့ လုရှန်က သူမကို တင်းကြပ်စွာဖက်ထားလေသည်

"အေးနေတာလား အခန်းဆီ ပြန်သွားရအောင်"

သူမက သူ့ကိုကိုင်ထားပြီး ဧည့်ခန်းတံခါးကို ကြည့်ရင်း ဝေးဝေးကိုလျှောက်သွားလေသည်

ဒါက သူမကို ကယ်တင်ပေးနိုင်မဲ့တစ်ခုထဲသော အရာတစ်ခုလိုပင်
* * *

သူမအဖေနဲ့ ဧကရာဇ်က စံအိမ်ကနေ ချက်ချင်းထွက်ခွာသွားလေသည် လုရှန်က သူတို့ကို တစ်ညတောင် နေခွင့်မပေးတာကြောင့်ဖြစ်သည်

သူမက ပြတင်းပေါက်ဘေးမှာရပ်နေခဲ့ပြီး သူမအဖေထွက်ခွာသွားတာကို ကြည့်နေ‌မိသည် စံအိမ်ကမထွက်ခွာခင် သူမအဖေက သူမကိုရှာဖွေသလိုပုံစံ‌နှင့် အနောက်ကိုလှည့်ကြည့်လာခဲ့သည် ပြတင်းပေါက်ကို ဖွင့်ပြီး သူမအော်ဟစ်ချင်မိသည်

'သမီးကိုပါ ခေါ်သွားပါ'

ဒါပေမဲ့ သူမအနောက်ကနေ အသံတစ်ခုကို ကြားလိုက်ရတဲ့အခါ နှုတ်ခမ်းကိုကိုက်လိုက်မိသည်
"ဘယ်သူ့ကို ကြည့်နေတာလဲ နေးရား"
သူ၏ နွမ်းချိနေတဲ့အသံထဲမှာ ထူးဆန်းတဲ့ စွမ်းအားတစ်ခုပါ၀င်နေလေသည်

ပြတင်းပေါက်ကနေ အကြည့်လွှဲလိုက်ပြီး ခေါင်းခါပြလိုက်လေသည်
"ကျွန်မ ဘယ်သူကိုမှ ကြည့်နေတာမဟုတ်ပါဘူး ဒီတိုင်း အပြင်ကိုကြည့်နေတာ နှင်းကျတဲ့ပမာဏကိုကြည့်ပြီး အံဩနေတာ"

"အာ"

လုရှန်က ခေါင်းညိမ့်ပြီး သူမဆီချဉ်းကပ်လာသည် ကံကောင်းစွာနဲ့ သူမအဖေနဲ့ ဧကရာဇ်တို့က မြင်ကွင်းမှာမရှိတော့ပေ သူမမြင်ရတာအားလုံးက အဖြူရောင်နှင်းတွေပင်

လုရှန်က သူမကို လက်မောင်းတွေကြားထဲထည့်ပြီး ‌တိုးတိုးလေးပြောလေသည်
"ဒီဧရိယာက နေ့တိုင်းနီးပါး နှင်းပဲကျတဲ့ မဖြစ်ထွန်းတဲ့မြေနေရာတစ်ခုပဲ ဘယ်သူမှဒီနေရာကိုမလိုချင်ကြဘူး ဘယ်သူမှလဲ ဂရုမစိုက်ကြဘူး ဒါကြောင့်လဲ ကိုယ်ဒီလိုနေရာကို လက်ခံခဲ့တာပေါ့"

“………”

"စွန့်ပစ်ထားတယ်လို့ပြောကြပေမဲ့ ကိုယ်ကတော့ ဒီနေရာကိုကြိုက်တယ် တိတ်ဆိတ်ပြီး အဖြူရောင်တွေနဲ့လှပနေတာ မင်းရောဘယ်လိုထင်လဲ နေးရား"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now