အပိုင်း(၄)

1.7K 212 1
                                    

"......Awesome?"

လုရှန် မသိတာတခုခုကြားလိုက်ရသလို ပုံစံနှင့် မျက်တောင်တွေခတ်နေခဲ့သည်

သူလုပ်နေတဲ့ရုပ်ကိုကြည့်ရင်း သူမသိလိုက်သည် ဒါက အတော်တုန်လှုပ်စရာတခုပဲ

"ကျွန်တော် မသိသေးတဲ့ အဆင်မြင့်စကားလုံးရှိသေးတာလား ဒါက နိုင်ငံခြားဘာသာစကားလား?"

သူတုံပြန်တာ တအားပိုလွန်းတယ်လို့ သူမခံစားမိတယ် ဒါကြောင့်မို့ သူမမြန်မြန် အဓိပ္ပာယ်ကိုရှင်းပြလိုက်သည်

"အို အရှင်ကာဒီယမ်မသိတာက ရှင်ကစစ်မြေပြင်ကို အကြာကြီးထွက်သွားရတာကြောင့်လေ ဒီစကားလုံးက အခုတလော တော်၀င်မျိုးနွယ်တွေကြားမှာ အတော်ရေပန်းစားနေတာ လေးစားသဘောကျတဲ့နေရာမှာသုံးတဲ့ ကောင်းတဲ့စကားလုံးလေးပါ"
" ကျွန်တော်သိပြီ"

သူကိုကြည့်ရတာ ဒါကိုသံသယဖြစ်နေတဲ့ပုံပဲ ဒါပေမဲ့ ဒါက ဟာသမှမဟုတ်ပဲ
'ဒီမှာတော့ ရေပန်းမစားပေမဲ့ တခြားကမ္ဘာမှာတော့ ရေပန်းစားတဲ့စကား‌လုံးလေ'

သူမ စကားကို တတ်နိုင်သလောက် တည်ငြိမ်အောင်ပြောဖို့ကြိုးစားလိုက်သည်

"ကျွန်မဆိုလိုတာက အရှင်ကာဒီယမ်ရဲ့ ၀န်ခံမှုကို ဘယ်သူကမှ ‌မကျေမနပ်ဖြစ်မှာမဟုတ်ဘူး ဒါကြောင့်မို့ မရှက်ပဲ ပြေးသွားလိုက်ပါ"
'လက်ထပ်ထားတဲ့မိန်းမတယောက်မဟုတ်သရွေ့ ဒါက သူတော်စင် တယောက်လား ဒါမှမဟုတ် သီလရှင်တစ်ယောက်လားတွေးမနေပဲ တည့်တည့်သာပြောလိုက် ရှက်နေတဲ့ကောင်လေးရေ'
သူ နားလည်တာမလည်တာတော့ သူမမသိပေမဲ့ လုရှန်က သူမကိုအချိန်ကြာကြာ တိတ်တိတ်ကလေး ငေးကြည့်နေခဲ့သည်
ထို့နောက် သူမျက်လုံးတွေကို အောက်စိုက်ကြည့်နေရင်း တိတ်တိတ်ကလေးပြောလိုက်သည်

"လေဒီပါနေရား မင်းကတကယ်ကိုပဲ"

'ဟုတ်တယ် ငါသိတယ် ဒါက ရူးမိုက်တယ်ဆိုတာ'
ဒီမှာတင် ရပ်လိုက်ပါတော့'

ကံအားလျော်စွာ သူကတော့ သူမအတွေးတွေကို မကြားနိုင်ခဲ့ပေ
* * * *
"မင်း ဒီနေ့စောစောရောက်လာတာပဲ"

လုရှန်ရဲ့ စံအိမ်ကို သူမရောက်သွားခဲ့သည်မှာ ရက်အတော်ပင်ကြာနေခဲ့ပြီမို့ စံအိမ်အရွယ်အစားကြီးနဲ့ အကျင့်သားပင်ရလာခဲ့ပြီဖြစ်သည်
သူက ပေါလ်, လုရှန်ရဲ့လက်ထောက်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now