အပိုင်း(၃၈)

822 121 0
                                    


ဒါက အထူးအဆန်းတော့မဟုတ်ခဲ့ပါဘူး

ကလေးအရွယ်တုန်းက သူ့ကိုဘယ်သူမှအယုံအကြည်မရှိနေချိန် ဒီလိုအပြုံးမျိုး ထုတ်ပြမဲ့သူဆိုလို့ အက်စတယ်လာတစ်ယောက်သာရှိလေသည်

'ဘာဖြစ်တာလဲ ငါ့နှလုံးသားက ဘာကြောင့်လဲ'

ခုန်ပေါက်နေတဲ့နှလုံးသားရှိရာနေရာအပေါ် သူမလက်ကိုတင်လိုက်သည်

အခုလိုမျိုး တစ်စုံတစ်ခုကို သူမ ခံစားလိုက်ရတာ ပထမဆုံးအကြိမ်ပင် သူမနှလုံးသားကတုန်လှုပ်သွားသလိုခံစားလိုက်သည်

"နေးရား ဘာဖြစ်တာလဲ ရှင်ကိုကြည့်ရတာ နေမကောင်းသလိုပဲ"

"ကျွန်မအဆင်ပြေပါတယ်"လို့ သူမပြန်ဖြေမဲ့အချိန်၌

ဒေါက် ဒေါက်* သူမအဖေမှာ အခန်းထဲသို့၀င်လာခဲ့သည် သူမအဖေရုတ်တရက်၀င်လာတာကြောင့် သူမမျက်ခုံးတွေကျုံလိုက်သည်

"အဖေ သမီး အဖေ့ကိုပြောဖူးပါတယ် လေဒီတစ်ယောက်ရဲ့အခန်းကို ခွင့်ပြုချက်မတောင်းပဲ ၀င်တာ ရိုင်းတယ်လို့"

"ခဏလေး ဒါပေမဲ့ ပါနေးရား သမီး ဘာသောက်ရှုပ်တွေလုပ်ထားသေးလဲ"

မျက်နှာပေါ်မှာအပြုံးတစ်ခုအမြဲရှိနေတဲ့သူမအဖေမှာ သူမပခုံးတွေတောင် တုန်တတ်သွားစေသည့် လေးနက်တဲ့မျက်နှာထားရှိနေခဲ့သည်

'ဘာလဲ ငါ့မုန့်ဖိုးအကုန်လုံးနဲ့ လုရှန်အတွက်အ၀တ်အစား၀ယ်ပေးတဲ့အကြောင်း သူသိသွားတာလား'

'သူလေ့လာနေတဲ့ စာအုပ်ကြားတွေထဲ ညှပ်ထားတဲ့ ပိုက်ဆံနဲ့ အန်နီကို ‌အပျော်ခရီးပို့ပေးတဲ့အကြောင်း သိသွားတာများလား'

'ကားလစ်ပေးတဲ့ Caana ချောကလက်ကို သူ မပြောဘဲ အစေခံတွေနဲ့ စားလိုက်တဲ့အကြောင်း သူသိသွားတာလား'
(သေပါပြီ ခိုးလုပ်ထားတာတွေ🤣)
အပြစ်များစွာကို ကျူးလွန်မိသဖြင့် ရင်တထိတ်ထိတ်ဖြစ်နေသောသူမကို သူမအဖေက အော်လိုက်တော့သည်

"ဧကရာဇ်က ဘာကြောင့် သမီးကိုတွေ့ချင်နေရတာလဲ"

'ဘာ ဧကရာဇ်က?'
───── 〔✿〕─────

ခုနလေးကမှ အက်စတယ်လာနဲ့ သူမအခန်းထဲ၌ ပျော်ပျော်ရွှင်ရွှင် စကားပြောနေခဲ့သေးသည် အခုတော့ သူမက အင်ပါယာနန်းတော်သို့ရောက်နေတော့သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now