အပိုင်း(၁၈)

1K 130 3
                                    


သူမအဖေရဲ့ အသံက လှေကားပေါ်လှမ်းလာတဲ့အသံကြောင့် ပဲ့တင်သံတပ်နေခဲ့သည်

"အရှင်ကာဒီယမ် ရထာလုံးကအဆင်‌သင့်‌ဖြစ်နေပြီ ကျေးဇူးပြုပြီး ဆင်းလာခဲ့တော့ ငါ မင်းအတွက်ဆိုပြီး သိမ်းထားတဲ့ လက်ဖက်ခြောက်တချို့ထုတ်လာခဲ့တယ် 'Mixregal'လိုခေါ်တယ် လွန်ခဲ့တဲ့နှစ်၀က်လောက်တုန်းက ခရီးထွက်ရင်း ၀ယ်ခဲ့တာ အဲ့ဒါကို အတော်ရှာယူလိုက်ရတယ် ဒါပေမဲ့ အရသာကတော့ ကောင်းမွန်တယ် မင်း သကြားနဲ့ နွားနို့သာထပ်ထည့်လိုက်ရင် အရသာက ပျားရည်လိုပဲ အစာစားပြီးတိုင်း ငါသောက်လေ့ရှိတာ တအားကောင်းတယ် ငါကတော့ highly recommend‌တယ်"
Only then did I realize why he had come.
ထိုအခါမှ သူဘာကြောင့် ဒီကိုလာတယ်ဆိုတာ သဘောပေါက်လိုက်သည်

"ရှင်က ကျွန်မကိုတွေ့ဖို့လာတာမဟုတ်ပဲ ကျွန်မအဖေကိုပေါ့?"
သူရည်ရွှယ်ချက်ကို နားလည်မှုလွဲမိတဲ့အတွက် သူမမျက်နှာ အနည်းငယ်ပူလောင်လာခဲ့သည်
သူမရဲ့ ကိုးရိုးကားယားအဖြစ်ကို ဖုံးကွယ်ဖို့ တစုံတစ်ခုပြောရန် ကမန်းကတမ်းလုပ်နေမိတော့သည်

"ရှင်နဲ့ ကျွန်မအဖေက မယုံနိုင်လောက်အောင် ရင်းနှီးနေတာပဲ ဒါပေမဲ့ ကျွန်မအဖေနဲ့ စကားပြောရတာခက်တယ် သူက စကားအနည်းငယ်များတယ် ရှင်မခံနိုင်တော့ဘူးဆိုရင်လေ အခုလိုသာပြောလိုက် "မှုးမတ်, ကြက်ကလေးရဲ့ဇနီးဆိုတာ ဘာကိုခေါ်တာလဲသိလား"လို့ မေးလိုက်"

"မင်းဘာအကြောင်းပြောနေတာလဲ"
"အဲ့တာက သင်္ကေတစကားလုံး အဲ့စကားက ကျွန်မအဖေကို အနည်းငယ်၀မ်းနည်းစေတယ် ဒါပေမဲ့ ရှင်နားပူတာခံရတာထက်စာရင် ပိုကောင်းပါတယ် ဒါဆို ကျွန်မသွားပြီနော်"

ကလစ် ကလပ် လလစ်* (အသံတော့ အသံပဲ ဘာအသံလဲတော့အိုင်လဲမသိပါ:")

သူကိုဖြတ်ကျော်သွားမဲ့အခိုက်အတန်
"လေဒီပါနေးရား ကိုယ်ဒီကိုလာတာ မင်းဆီက‌အကြွေးပြန်တောင်းဖို့လဲမဟုတ်ဘူး မှုးမတ်နဲ့ သူငယ်ချင်းဖွဲ့ဖို့လဲမဟုတ်ဘူး ကိုယ်..." သူဆက်ပြောလိုက်သည်

"ကိုယ်ဒီကိုလာတာ မင်းကိုသတိရလို့"

'ငါ ဘာကြားလိုက်တာလဲ'
သူမနားမလည်နိုင်ပေ ဖြစ်နိုင်တာက သူမနားတွေ  ပျက်နေတာများလား
သူမ လုရှန်ကို ငေးကြည့်လိုက်ရင်း ,မူးမေ့နေသလို သူမရဲ့ပွင့်‌ဟနေတဲ့ပါးစပ်ကိုတောင်ပိတ်ဖို့မတွေးနိုင်ပဲ

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now