အပိုင်း(၅၅)

636 88 1
                                    

ဧကရာဇ်ကို ကုသမှုကလဲ ချောမွေ့နေပြီး ခွန်းကလဲ ဒီက ဆက်ဆံရေးအသိုင်းအဝိုင်းနဲ့ လုံး၀ကို အသားကျနေပြီဖြစ်သည်

သူမမှန်းခဲ့တဲ့အတိုင်း ခွန်းက ကြီးမားတဲ့ အတွင်းလူဖြစ်လာတော့သည် ခွန်းက ကပွဲ‌အားလုံးနီးပါ တတ်ရောက်ပြီး အထက်တန်းလွှာတွေနဲ့ စကားပြောလေ့ရှိသည်

ခွန်းရဲ့ဉာဏ်ရည်မြင့်မားလှတဲ့ ရောက်တတ်ရာရာစကားပြောမှုက မထင်မှတ်ထားပဲ သူမရဲ့နေ့စဉ်ဘ၀ထဲ ကြီးမားတဲ့အပြောင်းအလဲတစ်ခုဖြစ်သွားတော့သည်
"အိုး မိုင် ငါ့မျက်လုံးတွေက နှစ်ဆတောင်ပိုကြီးလာသလိုပဲ အံဩစရာပဲ"

‌ဒီအထက်တန်းလွှာလေဒီကတော့ မှုးမတ်* ဂရန်းဒီရဲ့ ဇနီးဖြစ်သည်
(*က Baronအဆင့်မှုးမတ်ပါ နိမ့်ဆုံးအဆင့်မှုးမတ်ပါ ထည့်ရေးရင်ရှုပ်မှာဆိုးလို့မရေးထားတာပါ)
သဘောကျနှစ်သက်မှုတွေနှင့် မှန်ထဲကပုံရိပ်ကို ကြည့်နေတော့သည် Eyeshadow နဲ့ အနက်ရောင် eyeliner သုံးပြီးနောက် မျက်တောင်တုတွေနှင့် သူမမျက်လုံးတွေက ချိုမြိန်နေပေမဲ့ ခက်ထန်နေပုံပေါက်နေသည် မှုးမတ်ကတော်က စိတ်ကျေနပ်သွားသလို မျက်ဝောာင်ရှည်တွေကို ခတ်နေတော့သည်
"အကျော်ကြားဆုံးမိတ်ကပ်ပညာရှင်က ကျွန်မကိုပြင်ပေးခဲ့တာတောင်မှ ဗြောင်မိတ်ကပ်lookကို ဘယ်တုန်းကမှ စိတ်တိုင်းမကျခဲ့ဘူး ကျွန်မလိုချင်တာက ဒီလိုပြင်းထန်တဲ့ ပုံစံလေ ကျွန်မတကယ်ကြိုက်တယ်"

မြို့တော်ရဲ့ အကျော်ကြားဆုံး မိတ်ကပ်ပညာရှင်ကတောင် ယဉ်ကျေးသိမ်မွေ့တဲ့ အထက်တန်းလွှာ မိတ်ကပ်စတိုင်ကနေ မလွတ်မြောက်နိုင်သေးပေ

ကြည်လင်တဲ့အသား‌အရည် သိမ်မွေ့နူးညံ့တဲ့ makeup look

မျက်လုံးသေးတဲ့ မှုးမတ်ကတော် ဂရန်းဒီက ဒီလို makeup lookကို စိတ်တိုင်းမကျနိုင်ခဲ့ မှုးမတ်ကတော် ဂရန်းဒီက သူမအား ပျော်ရွှင်စွာကြည့်ရင်း
"ကျွန်မ အမြဲတမ်းတွေးနေခဲ့တာ ရှင်မိတ်ကပ်က တကယ်ကိုလှတယ်ဆို‌ပြီးတော့လေ မိတ်ကပ်ဘယ်လိုလိမ်းရတယ်ဆိုတာကို သင်ပေးဖို့ စောစောမေးခဲ့သင့်တာ"

ဘေးကနေကြည့်နေတဲ့ မြို့စား လီယိုရဲ့ ဇနီးကလဲကူညီပေးရင်း
"သူက ပြောလေ့ရှိတယ် ဒါပေမဲ့ သူမက ရှင်ကိုစကားလာမပြောရဲဘူးဖြစ်နေတာ ရှင်က လေဒီပါနေးရားဖြစ်နေလို့လေ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now