အပိုင်း(၃၉)

808 119 1
                                    

"အက်စတယ်လာ..."

"အရှင်မင်းသား..."

မျက်နှာပေါ်မှာ ခံစားချက်တွေအပြည့်နှင့် သူတို့နှစ်ယောက်ကို တလှည့်စီကြည့်ရင်း ၀တ္ထုတစ်ပုဒ်ရဲ့ဇာတ်သိမ်းပိုင်းကိုရောက်ခါနီးပြီဟုခံစားလိုက်ရသည်

'ကျွန်မရဲ့ စာအုပ်ကလေးကိုဖတ်ပေးလို့ကျေးဇူးတင်ပါတယ် ဇာတ်သိမ်းပါပြီ'

ဒါပေမဲ့ ဘ၀က အဲ့လောက်ကြီး လွယ်ကူမနေဘူးပေါ့

ကျောက်မြတ်ရတနာတစ်လုံးလို တောက်ပနေတဲ့ ကားလစ်ရဲ့မျက်နှာက ဧကရာဇ်ရဲ့စကားကြောင့် ကြွေမွသွားခဲ့ရသည်

"ပြဿနာနည်းနည်းတော့ရှိတယ်..."

အစောက သကြားရေထဲနစ်မြုတ်နေသလို ဖြစ်နေတဲ့ကားလစ်မှာ အဆိပ်ကိုသောက်လိုက်ရသလို ရှုံတွလာတော့သည်
"သူမက သာမန်လူတန်းစားဖြစ်တာကြောင့်လား ဒါမှမဟုတ် သူမက သူတော်စင်တစ်ယောက်ဖြစ်တာကြောင့်လား အဖေ ကျွန်တော်ကတော့ ဘယ်လိုအကြောင်းပြချက်ကြောင့်နဲ့မှ သူမနဲ့ဝေးရဖို့ ခွင့်ပြုမှာမဟုတ်ဘူး"

"စမ်းကြည့်လိုက်ပါ ကျွန်တော် ပုလ္လင်ကိုစွန့်ပစ်ပြီး ဒီနေရာနဲ့ ဝေးတဲ့နေရာကို ထွက်သွားပစ်လိုက်မှာ" (သူကလဲဇွတ်🙏)

သူ့ကြည့်ရတာ သူအတည်ပြောသလိုနှင့် သူပုန်ထနေတော့သည် သို့သော်လည်း ဧကရာဇ်က သူရဲ့မရင့်ကျက်သေးတဲ့သားတော်ရဲ့ခေါင်းကို ခေါက်ပစ်မဲ့အစား တည်ငြိမ်စွာပြောလာလေသည်
"သေချာပေါက်မဟုတ်ပါဘူးကွာ တစ်စုံတစ်ယောက်ကသာ ဒီဆက်ဆံရေးကိုဆန့်ကျင်မယ်ဆိုရင် အက်စတယ်လာကြောင့်မဟုတ်ဘူး မင်းကြောင့်ပဲဖြစ်လိမ့်မယ် ‌ရူးလိုက်တဲ့ငါ့သားရဲ့"

ဧကရာဇ်က သူပြောတာကိုမငြင်းဆန်နိုင်တဲ့ ကားလစ်ကိုဆက်ပြောလာခဲ့သည်

"ပြဿနာဆိုတာ နေရာတိုင်းမှာရှိတယ်ကွ"

"ဒါ‌ဆို ‌အဲ့သောက်ပြဿနာက ဘာလဲ"

ဧကရာဇ်သည် အက်စတယ်လာကိုလှမ်းကြည့်ရင်း ဖြေလိုက်သည်
"လွန်ခဲ့တဲ့ရက်အနည်းငယ်တုန်းက စီဘရမ်ဘုရင်နိုင်ငံကနေ နိုင်ငံပိုင်ဆေးစင်တာမှာ အက်စတယ်လာကို တတ်ရောက်လေ့လာခွင့်ပြုကြောင်း စာလွှာရခဲ့တယ်"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now