အပိုင်း(၇၅)

319 48 7
                                    

လုရှန်က နတ်ဆိုးရဲ့သားတော်လို့ ဂျွန်တွေးထင်ခဲ့ပေမဲ့ ဒါက ထင်မြင်ချက်တစ်ခုသာဖြစ်ခဲ့သည် ရယ်စရာစွမ်းရည်ကို သူ့မျက်စိနှင့် ကိုယ်တိုင်မြင်လိုက်ရတော့ သူကြောက်ရွံ့သွားခဲ့သည် ဒါကြောင့် ထိုကလေးကို ရက်အနည်းငယ်လောက် တတ်နိုင်သမျှရှောင်ခဲ့သည် စွပ်ပြုတ်ကို မြန်မြန်ထားခဲ့ပြီးနောက် အိမ်ကနေ မြန်မြန်ထွက်သွားမိခဲ့သည် သို့သော်လည်း အချိန်ကြာလာသည်နှင့် အမျှ အကြောက်တရားက လွင့်စင်သွားလေသည်

လုရှန်က အလွန်ကို အန္တရာယ်ကင်းလေသည် ကိုယ်ကိုကိုယ် ကုစားနိုင်တာကလွဲလို့ သူက ပုံမှန်ကလေးတစ်ယောက်နဲ့ သိပ်မကွာခြားပေ ဒါကြောင့် ဂျွန်ရဲ့ မုန်းတီးရာမှပေါ်ပေါက်လာတဲ့ နောက်ပြောင်ကျီစယ်မှုတွေ စတင်လာ‌ခဲ့လေသည် ပထမကတော့ သူက ကလေးရဲ့ ပါးကို ရိုက်လိမ့်မည် ထိုကလေးငယ်ကို ရိုက်ရာက သာယာမှုကို သူခံစားမိလာခဲ့သည် သူရင်အတွင်း စုပုံလာတဲ့ ဖိအားတွေ သက်သာလာလေသည်

မျှော်လင့်ထားတဲ့အတိုင်း နောက်တနေ့မှာတော့ ကလေး၏ပါးတွေပေါ်၌ သူချန်ရစ်ထားတဲ့ အစအနတွေရှိမနေခဲ့ပေ ဂျွန် ရက်ရက်စက်စက် ရီလေသည် ထို့နောက် အကြမ်းဖက်မှု လယ်ဗယ်က ပိုဆိုးရွားပြီးရင်း ဆိုးရွားလာခဲ့လေသည် ရိုက်တယ် ကန်တယ် ဆိတ်တယ် တတ်နင်းတယ်...
လုရှန်အတွက် နာကျင်လေသည် သို့သော်လည်း ဂျွန်အတွက် ထိုနေ့တာအတွက် ပျော်စရာကောင်းသော အခိုက်အတန့်‌ဖြစ်လေသည်

‘ငါ‌ ဒီနေ့ ဘာလုပ်ရမလဲ...’

ဂျွန်က စွပ်ပြုတ်ကိုမြန်မြန်သောက်နေတဲ့ လုရှန်ကိုကြည့်ရင်း ခက်ခက်ခဲခဲတွေးနေလေသည်

သူ့အပေါ် ရေနွေးပူ လောင်းချရမလား? သူ့အသားပေါ် လက်သည်းနဲ့ခြစ်ပစ်ရမလား?

သူ့စိတ်ထဲ၀င်လာတဲ့ အရာအားလုံးက ရက်စက်လေသည် ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ ဂျွန်၏ အကြမ်းဖက်မှု ဖြစ်နိုင်ချေတွေက ထိုပမာဏသို့ ဘယ်တော့မှရောက်မသွားခဲ့ပေ သို့သော်လည်း သူ့လုပ်ပုံတွေက လူမဆန်မှုက တိုး၍ တိုး၍လာလေသည် လုရှန်ကို လပေါင်းများစွာ နှိပ်စက်နေလေသည် လုရှန်၏ ပြန်လည်တုံပြန်မှုပုံစံတွေကြောင့်ဖြစ်လေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now