အပိုင်း(၄၅)

855 87 3
                                    

လုရှန်မျက်လုံးတွေ ပြူးကျယ်လာပြီး သူမကို ကြည့်နေတော့သည် အက်စတယ်လာလဲ အတူတူပင် သူတို့ရဲ့ တုံပြန်မှုတွေကို ကြည့်ပြီးနောက်မှ သူမအသိတွေ၀င်လာတော့သည်

‘Oops.’

သူမ ဆင်ခြေပေးရတော့မည်
လုရှန်လက်ကို ဆုပ်ကိုင်ထားရင်း သူမ စကားထစ်ရင်း ပြောလိုက်သည်

"အမ် ဒါ ဒါ ကျွန်မလက် နည်းနည်းအေးနေ‌လို့"

သူမခေါင်းပေါ် နေရောင်ခြည်ဖြာကျနေသလို ပြောလိုက်သည် ဒါက အဓိပ္ပာယ်မရှိဘူးဆိုတာ ဘယ်သူမဆိုပြောနိုင်သည် ကံကောင်းစွာနဲ့ သူမပြောတာ အဓိပ္ပာယ်မရှိဘူးလို့ လုရှန်ကထောက်မပြသလို အက်စတယ်လာကလဲထောက်မပြပေ

အက်စတယ်လာကရီရင်း ပြောလိုက်သည်
"ကျွန်မ‌ဘယ်လောက်ပဲ အလုပ်များနေပါစေ ရှင်တို့ရဲ့မင်္ဂလာပွဲကိုတော့ တတ်ဖြစ်အောင်တတ်မှာ ဒါကြောင့် သတင်းကောင်းဆို တတ်နိုင်သမျှ မြန်မြန်ကြားချင်တယ်နော်"

အက်စတယ်လာက "အချစ်နတ်သမီးက သူမတို့မင်္ဂလာဆောင်ကို ကောင်းချီးပေးပါတယ်"ဆိုပြီး ပြောကြသလို ပြောလိုက်ပြီး သူရဲ့ puppy - သူမ(ပါနေးရား)ဆိုလိုတာက သူမ(အက်စတယ်လာ)ရဲ့ ချစ်သူကားလစ်နဲ့ ထွက်ခွာသွားတော့သည် မသိလိုက်ခင်အချိန်မှာပဲ တောအုပ်ထဲ၌ သူမနှင့် လုရှန်သာ ကျန်ရစ်နေတော့သည်

သူမလုရှန်ကို မကြည့်ရဲပေ ရှက်လွန်းလို့ သေတော့မည် အက်စတယ်လာနဲ့ လုရှန်တို့အကြားက ဆက်ဆံရေးကို မနာလိုဖြစ်ပြီး ရယ်စရာကောင်းတဲ့ အဓိပ္ပာယ်မရှိဆင်ခြေတွေပြောမိတဲ့အတွက်ပင်ဒါပေမဲ့ သူတို့ တချိန်လုံး ဒီအတိုင်းနေနေလို့မရပေ သူမလှည့်ကြည့်လိုက်ပြီး လက်ကို သူလက်ထဲမှ ဖြည်းညှင်းစွာ ရုတ်လိုက်သည်

ဒါပေမဲ့ ချထားတဲ့သူ့ရဲ့လက်က သူမလက်ကိုထပ်ပြီး ဆုတ်ကိုင်လိုက်သည် သူက သူမလုပ်ခဲ့သလို အားမပါအင်မပါ ဆုတ်ကိုင်ထားတာမျိုးမဟုတ်ပဲ သူ့လက်ချောင်းများကို သူမလက်ချောင်းတွေကြား တင်းကျပ်စွာ သော့ခတ်ထားသည်

“······!”

သူမမျက်လုံးတွေပြူးလာပြီး လုရှန်ကိုကြည့်လိုက်သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now