အပိုင်း(၈၂)

405 49 0
                                    

သူမ၏ချီးကျူးစကားကြောင့် ပါးတွေအနည်းငယ်နီရဲနေသော လုရှန်အနောက်က ခွန်းမှာ နှုတ်ခမ်းထော်ပြလေသည်

"ငါကျတော့ရော ဘာလဲ ဒါက ငါအကူအညီကြောင့်လဲပါတယ်နော်"

"လုရှန် ရှင်ကအကောင်းဆုံးပဲ! ရှင်တအားမိုက်တာပဲ! တအားချောတယ်!"

ခွန်းက သူမကိုကြည့်ရင်း ထူးဆန်းတဲ့ spellတစ်ခု ကြွေးကြော်နေသလို ရေရွတ်နေလေသည်

"...ထားပါတော့လေ ကိစ္စမရှိပါဘူး"

ခွန်းကို ပလစ်ထားလိုက်ပြီး လုရှန်ကို တောက်ပနေသောမျက်လုံးတွေနဲ့မေးလိုက်သည်

"ရှင်အခု ပိုပြီးသက်သာလာပြီလား"

"ဖြစ်နိုင်ပါတယ် ကိုယ် ခွန်းကိုသည်းခံနိုင်မှတော့ တခြားသူတွေနဲ့ဆိုလဲ အဆင်ပြေမယ်ထင်တာပဲ"

သူမလဲ ထိုကဲ့သို့ ခန့်မှန်းမိသည်

ဒီလိုအခြေအနေမျိုးမှာ ခွန်းက Super Hardcore level ပင်

သူမက ခေါင်းငြိမ့်ရင်းပြောလိုက်သည်

"ဒါဆို မနက်ဖြန်ကနေစပြီး ရဲတိုက်ထဲက အစေခံတွေနဲ့ နည်းနည်းချင်းစီ စကားပြောကြည့်မယ် အဲ့ဒါ အဆင်ပြေမယ်မလား"

ရဲတိုက်ထဲမှာ သူမနဲ့လုရှန်ကို ပြုစုဂရုစိုက်ပေးတဲ့ အစေခံအများအပြားရှိသည် ဒါပေမဲ့ သူမက သူတို့မျက်နှာကို အခုထိပင်မမြင်ဖူးသေးပေ

သူမကို ထိုသူတွေနဲ့စကားပြောတာကို လုရှန် သည်းခံနိုင်မလား မသေချာတာကြောင့်ဖြစ်သည်

သို့သော်လည်း သူက ခွန်းကို သည်းခံနိုင်ပြီဆိုမှတော့ တခြားသူတွေကိုလဲ ချောချောမွေ့မွေ့ သည်းခံနိုင်လောက်ပြီဖြစ်သည်

လုရှန်က သူမ၏ကမ်းလှမ်းမှုကို အဆင်သင့်လက်ခံလေသည်
"ဟုတ်ပြီ ဒါပေမဲ့ နေးရား"

"ဘာလဲဟင်"

လုရှန်မျက်လုံးတွေက ပိုပြီးတော့တောင် မဲ‌နက်လာသည် အန္တရာယ်ရှိသားရဲတစ်ကောင်လို သူမျက်လုံးတွေကို မှေးကြည့်ရင်း ငုံကိုင်းလာကာ သူမနားထဲ ‌တိုးတိုးလေးပြောလေသည်
"ကိုယ် အလုပ်ကြိုးစားထားမှတော့ မင်း ကိုယ်ကို ဆုတစ်ခုတော့ ပေးရမယ်လေ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now