အပိုင်း(၆၇)

561 102 5
                                    

လက်ဖက်ရည်ပူပူကိုသောက်ရင်း အတွေးထဲ နစ်မျောနေမိသည်

'ငါ မလွတ်မြောက်နိုင်တာ စိတ်ပျက်စရာပဲ ဒါပေမဲ့ အဆင်ပြေပါတယ် ဘာနေနေပါ ငါအကူအညီတောင်းနိုင်တဲ့လူကလာနေပြီပဲ'

ဧကရာဇ် ဒီနေရာအထိလာမလားတော့ သူမလဲမသိပေ ဒါပေမဲ့ သူမအဖေကတော့‌လာလိမ့်မည်

သူမအဖေဆီကနေ တိုက်ရိုက် အကူအညီတောင်းတာမျိုးမလုပ်ချင်ပေ လုရှန်ရဲ့ ယခုအခြေအနေအရဆို သူမအဖေကို ညှာတာမည်မဟုတ် သူမတောင်းလိုက်တဲ့အကူအညီကြောင့် သူမအဖေဆိုးရွာတာတခုခုဖြစ်သွားမှာလဲ မလိုချင်ပေ

သူမ အလုပ်ချင်ဆုံးအရာက သူမရဲ့လက်ရှိအခြေအနေကို အက်စတယ်လာဆီ အသိပေးချင်တာပင်
'မူရင်း၀တ္ထုမှာတုန်းက yandere လုရှန်ကို ဖိနှိပ်ထားနိုင်တဲ့ တစ်ဦးထဲသောသူက သူတော်စင် အက်စတယ်ပဲရှိတယ် ဒါကြောင့် အက်စတယ်လာ ဒီအကြောင်းကိုသိသွားရင် သူမ ငါ့ကိုတနည်းနည်းနဲ့တော့ ကူညီနိုင်မှာပါ'

"ဘာတွေတွေးနေတာလဲ"

နူးညံ့တဲ့အသံက သူမကို လန့်သွားစေသည် အခန်းထဲကို ၀င်လာတဲ့လုရှန်က သူမကို ကြည့်နေလေသည်
‘ရှင် ကျွန်မကိုလန့်အောင်လုပ်နေတာပဲ’

ရင်ဘက်ပေါ် လက်တင်ထားတာမြင်ပြီး လုရှန်က သူမဆီ မြန်မြန်ပြေးလာလေသည်
"အဆင်ပြေရဲ့လား"

"ဘာမှမဖြစ်ပါဘူး"

"အိုး ‌ကိုယ့်ကိုပြောပြ လျှာအပူလောင်သွားရင် ဘယ်လိုလုပ်မလဲ"

“……”

လုရှန်မျက်နှာက စိတ်ပူမှုအပြည့်နှင့်ပင် သူရဲ့ Yandere အခြေအနေကို သူမသံသယ၀င်လာအောင်လုပ်နေလေသည် နွေးထွေးကြင်နာသလို သူပြုမူနေတာကို မြင်ပြီး သူမ မျှော်လင့်ချက်အကြီးကြီးထားမိသည်

သူပြန်လာတာများလား နတ်ဆိုးရဲ့စွမ်းအားက ပျောက်ကွယ်သွားတာများ ဖြစ်နေမလား

ဒါပေမဲ့ ဒါတွေအားလုံးက သူမရဲ့ စိတ်ကူးယဉ်မှုတွေပင်

သူမဆံပင်ကို နားအနောက် သပ်တင်ပေးရင်း လုရှန်ပြောလိုက်တာက
"အရှင်ဧကရာဇ်နဲ့ မှုးမတ်တို့ ရောက်နေကြပြီ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now