အပိုင်း(၅)

1.5K 216 2
                                    

သူမခံစားရသည် လုရှန် ကွန်ဖီးဒန့် နည်းနည်းချင်းစီ ရလာပြီဆိုတာ မြင်နေရသည်

ထို့နောက် အပြင်ဘက်က တံခါးခေါက်သံကြားလိုက်ရသည်

"ပါနေးရား အဆင်သင့်ဖြစ်ပြီလား"

ဒါက သူမအဖေရဲ့ အသံဖြစ်သည်
သူမအဖေ အရင်ကထက်ပိုပြီး ပိုပြီးပျော်ရွှင်လာကြောင်း သူမခံစားရသည်
သူကိုကြည့်ရတာ အချိန်တခုကြာခါမှ ပျက်စီးလု‌နီးနီးဖြစ်နေတဲ့စံအိမ်သို့ နာမည်ကျော်ကြားသူတွေလာတာကို ကြည့်ပြီး အတော်ပျော်နေသည်ပင်

"ပြီးပြီး သမီးအခုထွက်ခဲ့မယ်"

သူမအဖေဆီမှ တ၀ကြီးနားပူခံရမှာကြောက်‌တာကြောင့် သူမတံခါးကိုဖွင့်ရင်း အာမေဍ္ဍိတ်အသံ‌တိုး‌တိုးလေးထွက်သွားသည်

"ဝါး"
တံခါးရှေ့မှာစောင့်နေသူက သူမအဖေမဟုတ်ပေ လုရှန်ဖြစ်‌‌နေသည်
သူမအရင်ရက်တွေတုန်းက ‌မြင်နေကြ ပေါ့ပေါ့ပါးပါး ၀တ်စုံမျိုး ၀တ်ထားတာမဟုတ်ပေ

သူ့မျက်လုံးအရောင်လို အနီရောင်ပတ္တမြားတွေနဲ့တန်ဆာဆင်ထားတဲ့ အဖြူရောင်၀တ်ရုံရှည်ကို၀တ်ဆင်ထားပြီး ငွေမင်ရောင်ဆံပင်ကိုလဲ သေသေသပ်သပ်ဖိထားသည်
အပြစ်အနာအဆာ တစ်ခုတောင်မပါတဲ့ အနုပညာလက်ရာတစ်ခုလိုပင် ပြီးပြည့်စုံတဲ့ ဒီယောကျာ်းရဲ့ ပုံစံက သူမမျက်လုံးကို ဖမ်းစားထားလေသည်

'ဒီနေ့လဲ ရှင် ကျွန်မကို ပြုစားပြန်ပြီ'

စိတ်ထဲမှာ တိတ်တိတ်ကလေး ရေရွတ်ရင်း သူမ ပါးစပ်ကို ဖွင့်ဖို့ ပြင်ဆင်လိုက်သည်

"ရှင် စောစောရောက်နေတာပဲ အရှင်ကာဒီယမ်"
"ဟုတ်တယ်"
သူမ ပြုံးဖြဲဖြဲနှင့် မှတ်ချက်ဆိုလိုက်ရင်း

"ရှင်က ဒီနေ့လဲကြည့်ကောင်းနေတာပဲ ကျွန်မအကောင်းဆုံးကြိုးစားပြီး ၀တ်ဆင်ထားတာပဲ ဒါပေမဲ့ ရှင်ကို နိုင်ဖို့က တအားခက်တာပဲ"

သူမက စနောက်နေသော်လည်း လုရှန်က လေးနက်တဲ့အကြည့်နဲ့ ခေါင်းကိုခါနေခဲ့သည်
"အဲ့လိုမပြောပါနဲ့ လေဒီပါနေးရားက တကယ်ကို"

လှပတယ်လို့ "ရှင် ကျွန်မကိုချီးမွမ်းတော့မယ်ပေါ့" လို့ သူမထင်ခဲ့တာ ဒါပေမဲ့ သူဆီကနေ မထင်မတ်တာ တခုထွက်လာခဲ့သည်
“Awesome!”
သူ အဲ့စကားလုံးကို သုံးလိုက်သည်
* * *
"ဘာလို့ ရီနေတာလဲ လေဒီပါနေးရား"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now