အပိုင်း(၂၀)

1K 147 1
                                    

Chanelက တခြားအ၀တ်အထည်ဆိုင်မှ ဒီဇိုင်းနာအများစုနှင့်ကွာခြားလေသည်
Chanel တောက်ပနေအမူအရာနှင့်ပြောလာလေသည်

"ရှင်က Chanelဂါ၀န်တစ်ထည်ကို ရွှေဒင်္ဂါးငါးရာထဲနဲ့ အရယူသွားပဲ လေဒီပါနေးရား ရှင်က အတော် ကံကောင်းတာပဲလို့ ကျွန်မထင်မိတယ်"
"ဒါက ကံကောင်းတာမဟုတ်ဘူး ကျွမ်းကျင်တာ"

Chanelနှုတ်ခမ်းကို အနည်းငယ်ဆူလိုက်သည်
Chanelထိုမျက်နှာပုံစံဘာကြောင့်လုပ်နေရသလဲဆိုတာ သူမနားလည်လေသည်
ဘာလို့လဲဆိုတော့ ပါနေးရားရဲ့၀တ်စုံကိုချုပ်ပေးရခြင်းက သူလုပ်ချင်သောအရာတစ်ခုမဟုတ်သောကြောင့်ပင်

[ရှင် ကျွန်မရဲ့၀တ်စုံကိုလဲ သူတော်စင်နဲ့ဆင်တူချုပ်ပေးရမယ် ဒါက ဒီအပေးအယူရဲ့ conditionပဲ]

သူတော်စင်အတွက် အ၀တ်ချုပ်ပေးရမယ်ဆိုတဲ့အတွေးကြောင့် စိတ်လှုပ်ရှားနေသည့် Chanelရဲ့မျက်နှာမှာ လျင်လျင်မြန်မြန် ပျက်ယွင်းသွားသည်
ပါနေးရားရဲ့အ၀တ်က သီးခြားစွာပေးချေထားတာကြောင့် သူမစိတ်ပျက်သွားတာဖြစ်နိုင်သည်

Chanel သူမရဲ့ကြိုးခွေနှင့် တိုင်းတာဖို့ ‌လှုပ်ရှားနေရင်းပြောလိုက်သည်

"လေဒီပါနေးရား ကျွန်မထပ်ပြောမယ် ရှင်ဂါ၀န်က သူတော်စင်ရဲ့အ၀တ်နဲ့ယှဉ်ရင် အထည်စနည်းပြီး အပြင်အဆင်ကလဲနည်းလိမ့်မယ် ဒါကိုတော့ ရှင့်စိတ်ထဲတွေးထားသင့်တယ် ပြီးမှ ကျွန်မကို ‌စိတ်ဆိုးတာမျိုးမဖြစ်စေချင်ဘူး ဒီနှစ်ထည်ရဲ့ အရည်အသွေးကလုံး၀ကို ကွာခြားမှာ"
ဒါက ဖြစ်သင့်ပါတယ်

ပထမကထဲက Chanelကို ရွှေဒင်္ဂါးငါးရာထဲနဲ့ ဂါ၀န်တစ်ထည်ချုပ်ပေးဖို့ ပြောတာက မဖြစ်နိုင်ပေ
အက်စတယ်လာရဲ့ အခြေအနေနဲ့ အရည်အသွေးတစ်ထပ်ထဲတူတဲ့ ဂါ၀န်ဆိုတော့ ပိုပြီးပျက်ရယ်ပြုချင်စရာကောင်းသည်

ပါနေးရားပြုံးရင်း သူမကိုကြည့်လိုက်သည်
"သေချာတာပေါ့ အဲ့ဒါကို ကျွန်မက တခြားသူတွေထက်ပိုသိတယ် ဒါကြောင့်မို့ အက်စတယ်လာရဲ့အထည်ကိုတော့ အကောင်းဆုံးလုပ်ပေးပါ"
'ဘယ်သူမှမယှဉ်နိုင်တဲ့ တောက်ပပြီး စွဲမက်ဖွယ်ကောင်းအောင်လုပ်ပစ်လိုက်'

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now