အပိုင်း(၅၈)

527 99 1
                                    


မမျှော်လင့်ထားတဲ့စကားကြောင့် ပါနေးရား မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်ပြီးမေးလိုက်သည်

“ဘယ်လောက်ကြာမှာလဲ”

“ကိုယ်လဲအသေအချာမသိဘူးး အဲ့နေရာကိုရောက်ဖို့တော့ ရက်နည်းနည်းလောက်အချိန်ယူရလိမ့်မယ် ကိုယ် မြန်မြန်အလုပ်ပြီးအောင်လုပ်ရင်တောင်မှ အနည်းဆုံး တစ်လလောက်ကြာလိမ့်မယ်”

တစ်လဆိုတာ.....အကြာကြီးပဲ

ပါနေးရားက စိတ်ပူနေသောမျက်နှာနှင့်
“အန္တရာယ်များတဲ့အလုပ်လား”

“မဟုတ်ပါဘူး ကိုယ် တချို့အရာတွေကို တခဏလောက် စောင့်ကြည့်ဖို့ပဲလိုတာ"

ထိုအခါမှသာ ပါနေးရား သက်ပြင်းချပြီး
“‌တော်သေးတာပေါ့”

သူမက သိသိသာသာ စိတ်ပူတာလျော့သွားမှန်း သူခံစားရလေသည် ထိုအရာကြောင့် လုရှန်ရဲ့ခပ်တောင်တောင့်မျက်နှာက အနည်းငယ်ပြေလျော့သွားတော့သည် ထို့နောက် ပါနေးရားကိုကြည့်ပြီး

သူမက သူ့ကိုချစ်လေသည် ထိုအရာနဲ့ပတ်သတ်ပြီး သူမှာ ဘာသံသယမှမရှိပေ

ဒါကြောင့်…

'သူမကသာ မသွားဖို့ပြောလာရင် သူလဲသွားမည်မဟုတ် ဧကရာဇ်အမိန့်ဖြစ်နေရင်တောင်မှ'

ပါနေးရား လုရှန်နဲ့မျက်နှာချင်းဆိုင်လိုက်သည် သူမရဲ့အစိမ်းရောင်မျက်လုံးတွေကတောက်ပနေလေသည်

သူအရမ်းချစ်မြတ်နိုးရတဲ့ မျက်လုံးတွေ
“အိုခေ အန္တရာယ်ကင်းတဲ့ခရီးလေးဖြစ်ပါစေ”

သူမရဲ့တုံ့ပြန်မှုကိုကနေတဆင့် သူရဲ့မေးရိုးက သဘာ၀ကျကျ တင်းလာခဲ့သည် လုရှန်ရဲ့ခက်ထန်သွားတဲ့အမူအရာကို အဓိပ္ပာယ်ကောက်ပြီးနောက် ပါနေးရားမြန်မြန် ထပ်ပေါင်းပြောလိုက်သည်
"ရှင်ပြောတော့ အရှင်ဧကရာဇ်အမိန့်ဆို အဲ့တာက တကယ်ကို အရေးကြီးတယ်လို့ မှတ်ယူနိုင်တယ်လေ ကျွန်မကိုစိတ်မပူပါနဲ့ ကျွန်မစောင့်နိုင်ပါတယ်"

ဒီခံစားချက်ကို သူဘယ်လိုအဓိပ္ပာယ်ဖော်ပြရမည်နည်း

တခဏလောက်တည်ငြိမ်သွားသလိုဖြစ်သွားပေမဲ့ ထို့နောက် သူရင်ဘက်ထဲ၌ တစုံတစ်ခု ဆူလောင်နေသလိုခံစားရသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now