အပိုင်း(၁၃)

1.2K 154 0
                                    

သူမ စိတ်ရှုပ်သလို ပုံစံနှင့် ထိုနှစ်ယောက်ဆီပြေးသွားလိုက်သည်
"အဖေက ဘာလို့ဒီရောက်နေတာလဲ မနက်ကထဲက အလုပ်ရှိလို့ အပြင်ထွက်သွားတာမဟုတ်ဘူးလား"

"အဖေအလုပ် နည်းနည်းစောစောပြီးသွားတာ အိမ်ရောက်တော့ အရှင်ကာဒီယမ်က သမီးကိုစောင့်နေတာ သူပုံစံကြည့်ရတာပျင်းနေတယ်ထင်တာကြောင့် စကားပြောပေးနေတာ"
'အဖေက သူ့ကိုဖျော်ဖြေပေးနေတာမဟုတ်ဘူး နှိပ်စက်နေတာ'

သူမအဖေပုံစံကြည့်ရတာ ပျော်နေပုံရသည် အချိန်အကြာကြီး စကားများဖို့ အခွင့်အရေးမရှိတာကြောင့်ပင်
ဒါပေမဲ့ တစ်ဖက်သတ် တိုက်ခိုက်ခံနေရသော လုရှန်ကတော့ ပျော်နေပုံမရပေ
ခေါင်းကိုမြန်မြန်လှည့်လိုက်ပြီး လုရှန်မျက်နှာအားကြည့်လိုက်သည်

"ရှင်အ‌ဆင်ပြေရဲ့လား"
"ကိုယ်အဆင်ပြေပါတယ်"

ကြည်လင်တဲ့အသားအရည် ကြည်လင်တဲ့မျက်လုံးတွေ လှပတဲ့အပြုံး
ကံအားလျော်စွာ သူမအဖေဆီကနေ အချိန်ကြာကြာ တိုက်ခိုက်မခံလိုက်ရသလို လုရှန်မျက်နှာက ကြည့်ကောင်းနေခဲ့သည်

"ကျွန်မ၀မ်းသာပါတယ်"
သူမရဲ့ စိတ်သက်သာရာရသွားသော မျက်ခုံးတွေအား အောက်ကိုနှိမ့်လိုက်သည်

"ကျွန်မတောင်းပန်ပါတယ် အဆင်သင့်ဖြစ်ဖို့ပြင်တာ ထင်ထားတာထက် ပိုပြီးကြာသွားတယ် ဒီလိုသာဖြစ်မယ်ဆိုတာ သိခဲ့ရင် ကျွန်မ ပိုမြန်မြန်လုပ်ရမှာ"
"အဲ့လိုမဖြစ်ပါဘူး"

စကားကို ညင်ညင်သာသာဖြေနေသော လုရှန်က သူမအားငေးကြည့်နေခဲ့သည်
သူ့အကြည့်က အနည်းငယ်ကသိကအောက်ဖြစ်စေသည် ဒါကြောင့် သူမနောက်လိုက်သည်

"ကျွန်မသိပါတယ် ကျွန်မကတကယ်လှပတယ်ဆိုတာ လှတယ်မလား?"
"အွန်း"

ဒီအဖြေက သူမနှင့်သူမအဖေအား ခတ္တရပ်တန့်သွားစေသည်
ပန်းချီကားအခန်းထဲ၌ တိတ်ဆိတ်မှုများ စီးဆင်းနေခဲ့သည်
သူမ အနည်းငယ်နီရဲနေသောမျက်နှာနှင့် ချောင်းဆိုးလိုက်သည်

"ရှင့်ကို ဘယ်သူသင်ပေးလိုက်တာလဲ အခုလို အရှက်ကင်းကင်းဖြေရမယ်လို့"

"ကိုယ်မသင်ခဲ့ပါဘူး အမှန်တရားကိုပြောပြတာပါ ကိုယ် အမှားတစ်ခုခုလုပ်မိသွားခဲ့ပြီလား"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now