အပိုင်း(၆)

1.6K 212 2
                                    

အ‌ဖြူရောင် ကျောက်စိမ်းလို ကြည်လင်တဲ့အသားအရေ အလင်း‌ဖြာနေသော ရွှေရောင်ဆံနွယ် တောက်ပနေတဲ့အပြာရောင်မျက်လုံးတွေ
သူမမှာ ထင်ရှားတဲ့ မျက်နှာသွင်ပြင်တွေနဲ့ လှပသော အလှကလေးမဟုတ်ပေ ဒါပေမဲ့ သူမက လူတွေသဘောကျသလား မကျသလားဆိုတာမျိုးမရှိပဲ ရှင်းလင်းပြီး ညီညာတဲ့မျက်နှာပုံစံ
တခြားစကားနှင့်ပြောရရင် သေလောက်အောင် ဆွဲဆောင်မှုရှိတယ်

အက်စတယ်လာက ပုံမှန်မဟုတ်တဲ့ စကားဝိုင်းရှိနေတဲ့ယောကျာ်းနှစ်ယောက်ဆီ ရောက်လာခဲ့သည်
"ရှင်တို့‌နှစ်ယောက် ဘာတွေပြောနေကြတာလဲ"
အက်စတယ်လာက အသံကြည်ကြည်လင်လင် နှင့်မျက်လုံးဝိုင်းကြီးတွေနှင့်မေးရင်း သူမခေါင်းကို ပါနေးရားဆီ လှည့်လိုက်သည်

"ကျွန်မ ဒီပါတီရဲ့ အဓိကဇာတ်လိုက်ကို အရင်နှုတ်ဆက်သင့်တာ ဒါပေမဲ့ ကျွန်မ အမှားလုပ်လိုက်မိပြီ"

အက်စတယ်လာ ပါနေးရားကို ခြေတဖတ်ရှေ့ထုတ် ဒူးကွေးပြီး ဂါရ၀ပြုလိုက်သည်

"ဒီလိုရှားပါးတဲ့ ပွဲမျိုးမှာ ကျွန်မကို ဖိတ်ပေးလို့ ရှင့်ကိုကျေးဇူးတင်ပါတယ် မစ်ပါနေးရား ကျွန်မက သူတော်စင်မ အက်စတယ်လာ ဆမ်ဂရီယာပါ"
ဒါက အထက်တန်းလူတန်းစားတယောက်အတွက် ပြီးပြည့်စုံသောနှုတ်ဆက်မှုတစ်ခုမဟုတ်ပေ မသပ်မရပ်ဖြစ်နေခဲ့သည်
အဲ့ဒါဖြစ်နေတာတောင်မှ ပိုပြီး နှစ်သက်ဖွယ်ကောင်းနေခဲ့သည်

သူမကို ခပ်တင်းခင်းဖက်ပစ်ချင်စိတ်ကို အလျင်အမြန်ခုခံရင်း သူမခေါင်းကို တင့်တယ်စွာ ညွှတ်လိုက်သည်

"ကျွန်မရဲ့ ဖိတ်ကြားမှုကို လက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် သူတော်စင်"
အက်စတယ်လာက အပြုံးကြီးကြီးတစ်ခုနှင့်ပြန်ဖြေလိုက်လေသည်
'ဒီအပြုံးအတွက် အမှတ် 500ပေးမယ်'

တစ်ဖက်သို့လှည့်ပြီး အက်စတယ်လာ ကားလစ်ကိုလဲ နှုတ်ဆက်လိုက်သည်

"အရှင် အိမ်ရှေ့စံမင်းသား မတွေ့ရတာအတော်ကြာပြီ ကျန်းမာပါရဲ့လား"
ဒါက နှုတ်ဆက်စကားလေးတခုဆိုပေမဲ့ သက်ရောက်မှုက မယုံနိုင်စရာပင်
တိုက်ကြီးကို ဖျက်စီးပစ်မဲ့ ကားလစ်ရဲ့ စိတ်ဓာတ်မကောင်းတဲ့ စွမ်းအားကို ပျောက်ကွယ်သွားစေသည် (ဒီမှာရေးထားတဲ့တိုက်ကြီးဆိုတာက အာရှတိုက် ဥရောပတိုက်ဆိုတာမျိုးပါ)
ချက်ချင်းပင် တည်ငြိမ်သောအခြေအနေသို့ ပြန်လည်ရောက်ရှိသွားရင်း ကားလစ် အက်စတယ်လာကိုပြောလိုက်လေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now