အပိုင်း(၂၅)

999 152 1
                                    


ဧကရီ မျက်နှာတစ်ခုလုံး မျက်မှောင်ကြုတ်ရင်း စကားဆက်ပြောလေသည်

"ဘယ်လိုတောင်လဲ ငါကြားတာက မှုးမတ်လိုင်လာအခြေအနေက ခက်ခဲတဲ့အခြေအနေရောက်နေပြီဆို ဒါပေမဲ့ ,ဒါက အလွန်ရက်စက်တာပဲ လူလိမ်တယောက်တောင်မ၀တ်မဲ့ အ၀တ်အစားနဲ့ပွဲတတ်လာတယ် မင်းက ငါတို့ တော်၀င်မိသားစုကို စော်ကားနေတာလား"

သူမမှင်တတ်မိသွားသည်
ဒီဂါ၀န်က သူမနဲ့မလိုက်တဲ့အပြင် အက်စတယ်လာ၀တ်ထားတဲ့ ကောင်းမွန်တဲ့ဂါ၀န်နဲ့ယှဉ်လိုက်ရင် အရည်အသွေးကအနည်းငယ်လစ်လပ်နေသေးတယ်ဆို‌တာမှန်ပေမဲ့ အခုလိုရှုတ်ချခံရဖို့အထိ သူမအတွက်မလိုအပ်ပေ

ဧကရီရဲ့ရည်ရွှယ်ချက်အမှန်က ဘာလဲဆိုတာ ရှင်းလင်းပေသည်
သူမက ပါးနေရားရဲ့ ၀တ်စုံကို ပွင့်ပွင့်လင်းလင်းထောက်ပြပြီး ဝေဖန်ချင်နေတာပင်

'ဒါပေမဲ့ ဘာကြောင့်လဲ ငါက သူတော်စင်လဲမဟုတ်ဘူး ဧကရီနဲ့အဆက်အစပ်လဲမရှိတဲ့ မှုးမတ်မိသားစုက မိန်းမငယ်လေးတစ်ယောက်သာသာပါ'

တခဏကြာပြီးနောက် သူမရဲ့အဖြေစကားမှာ မြန်မြန်ထွက်ပေါ်လာခဲ့သည်

"ကျစ် အခုလိုပုံစံနဲ့ ဒီနေရာကိုလာတဲ့အပြင် သိမ်မွေ့ယဉ်ကျေးတာတစ်ခုခုရှိဖို့လဲ မေ့နေတယ် မင်းနဲ့ သာမန်လူတန်းစားနဲ့ရှိတာက အကောင်းဆုံးလိုက်ဖတ်မှုပဲပေါ့"
'သေချာ‌တာပေါ့ သာမန်လူတန်းစားဆိုတဲ့ အပိုင်းက အက်စတယ်လာကို ရည်ညွှန်းတာပဲ'

'သူက ငါနဲ့လာရှုပ်ချင်တာက ငါကအက်စတယ်လာနဲ့ ရင်းနှီးတယ်ဆိုတာကို သူမသိနေတာကြောင့်သပ်သပ်နဲ့ပဲ အခုအက်စတယ်လာက သူမအတွက် အမှားတစ်ခုမှ ရှာမရ‌ဘူးပဲ'
သူမနောက်ကျော၌ ချွေးအေးတစ်စက်ကျသွားလေသည်

သူမက အက်စတယ်လာလဲမဟုတ်ပေ ကားလစ်ကလဲ သူမအပေါ် ဘာစိတ်၀င်စားမှုမှမရှိပေ သူမရဲ့တည်ရှိမှုက ဖုန်မှုန့်လိုမျှသာ ပိုပြီးပြောရရင် သူမက ကာကွယ်ပေးဖို့ထိုက်တန်တယ်လို့ဆိုသူ လုရှန်ကိုလဲ ဘယ်နေရာမှာမှရှာမတွေ့ပေ
သူမကိုကြည့်နေတယ် တခြားအထက်တန်းလွှာတွေကလဲ သူမအရှက်တကွဲဖြစ်တာ မြင်ရဖို့ ကောင်းကောင်းကြီး မျှော်လင့်စောင့်စားနေကြတဲ့ အမူအရာနှင့်ပင်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now