အပိုင်း(၂၆)

973 109 0
                                    

'ငါအခု အိမ်မက်မက်နေတာများလား'

ထိုစကားချိုချိုလေးတွေက သူမရင်ကို ခုန်ပေါက်စေပြီး သူရဲ့လှပတဲ့မျက်နှာကလက်တွေ့မဆန်သလိုပင်
လုရှန်မျက်နှာက သူမမျက်နှာအနီးသို့ဖြေးဖြေးချင်းကပ်လာခဲ့သည် သူမျက်နှာကို ငေးကြည့်နေရင်း သူမအော်ဟစ်မိခင် အသိပြန်၀င်လာခဲ့သည်

"ငါတို့က ဒီလို ဆက်ဆံရေးမျိုးမဟုတ်ဘူးလေ"

'ငါတို့နမ်းမိကြရင်တောင် အဆင်ပြေလိမ့်မယ် ထင်တယ်'
ထိုအဓိပ္ပာယ်မရှိတာကို ထုတ်မပြောနိုင်ခဲ့ပေ လုရှန်ရဲ့မျက်နှာက သူမပခုံးပေါ်သို့ ကျလာတာကြောင့်ပင်
သူမနှလုံးရဲ့ခုန်သံပြင်းပြင်းကို ကြားလိုက်ရပြီးနောက် သူမခေါင်းကို ဖြေးဖြေးလေးငုံကြည့်လိုက်သည်

"အရှင်ကာဒီယမ်"
“……”

"ဟေး ဆရာ Fiancée"
ပြန်ဖြေစကားမကြားရပဲ သူရဲ့အသက်ရှုသံကျယ်ကျယ်ကသာ သူမကြားနေရသောအရာတစ်ခုသာ
သူမ ခဏလောက် မတုံ့ပြန်နိုင်ခဲ့ပေ သူမသက်ပြင်းချရင်း ရေရွတ်လိုက်သည်

"အာ ဟုတ်ပြီ ပွဲမှာတုန်းကလဲ တညလုံး မျက်နှာကြီး မဲမှောင်နေအောင် သောက်နေခဲ့တာပဲ"
သူပုံစံက မူးရစ်နေတဲ့ပုံ လုံး၀မပေါက်တာကြောင့် သူမဂရုမထားခဲ့တာပင်

အခုတော့ သူက yandereဒုတိယဇာတ်လိုက်လဲမဟုတ်သလို အင်ပါယာရဲ့အကောင်းဆုံးစစ်သည်လဲမဟုတ်သလို ကမ္ဘာပေါ်မှာ ရိုမတ်တစ်အဆန်ဆုံးစကားလုံးတွေကို ရုတ်တရက်ကြီး တိုးတိုးလေးပြောလာခဲ့တဲ့ fiancéတစ်ယောက်လဲမဟုတ်ပြန်ဘူး
သူက အရက်မူးနေတဲ့လူ တစ်ယောက်သက်သက်သာသာ
အရက်မူးနေတဲ့လူတယောက်ပြောတဲ့အရာအများဆုံးက ဘာအဓိပ္ပာယ်မှမရှိ ဒါကြောင့်....

သူမ ထိုသူရဲ့ကျောပြင်ကို ဖက်လိုက်ရင်း တိုးတိုးကလေးပြောလိုက်သည်

"ရှင်ခုနကပြောခဲ့တဲ့အရာတွေကို စိတ်ထဲ အဓိပ္ပာယ်အများကြီးမကောက်မိဖို့လုပ်ခဲ့ရင် ကျွန်မအတွက် အဆင်ပြေလိမ့်မလား"

ဘယ်လိုပဲဖြစ်ဖြစ် သူမပြောထွက်လိုက်တဲ့စကားတွေနဲ့ဆန့်ကျင်စွာ သူမရဲ့ခုန်နေတဲ့နှလုံးသားက အခုထိ မတည်ငြိမ်သေးပေ
────── 〔〕─────
Side Story (အက်စတယ်လာ POV)

ကျွန်မက အချစ်ခံရတဲ့ ဇာတ်လိုက်မင်းသမီး

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now