အပိုင်း(၁၂)

1.3K 157 0
                                    

နေကလဲ ပူနွေးလာချိန် လုရှန်ကလဲ နှိုက်နှိုက်ချွတ်ချွတ် အင်တာဗျူး စတင်တော့သည်

သူမနာမည်ရဲ့ ဇစ်မြစ် ဇာတာခွင် အကြိုက်ဆုံးအစားအစာ ရင်ထဲအထိဆုံးလက်ဆောင် ကြားရတာ အကြိုက်နည်းဆုံး စကားလုံးများ စသည်ဖြင့်.....
သူရဲ့မေးခွန်းများက လုံလောက်အောင် အပြစ်ကင်းစင်လွန်းလို့ သူမအား ၀မ်းနည်းအောင်လုပ်နေသည် သူရည်ရွယ်ချက်များအား နားလည်မှုလွဲမိသည့်အတွက်ပင်

လှပသောလက်ရေးနှင့် သူမအကြောင်း စာကြောင်းတွေနဲ့ စာမျက်နှာအပြည့်ဖြည့်နေတဲ့သူ့ကိုကြည့်ရင်း သူမ အနည်းငယ်ညည်းညူမိသွားခဲ့သည်

"အရှင်ကာဒီယမ် ဒီမေးခွန်းတွေကနေ ကျွန်မအကြောင်းလေ့လာနိုင်မယ်လို့ ရှင်ထင်လား"
"ကျွန်တော်လေ့လာနိုင်တဲ့အရာက အကန့်အသတ်ရှိတယ်ဆိုတာ ကျွန်တော်တွေးမိပါတယ်"

"ကံကောင်းစွာနဲ့ ကျွန်မလဲ အဲ့လိုတွေးနေတာ"
သူမ စိတ်ကျေနပ်စွာနှင့်ပြုံးလိုက်သည်

"ဒါဆို ဘာလို့ ဒီအင်တာဗျူးကို မရပ်တာလဲ ပြီးရင် ကျွန်မနဲ့ joinလိုက်လေ"
"ဘာကို joinရမှာလဲ"

သူမပါးစပ်ထဲက ချောကလက်ကို ကိုက်ရင်း အားရပါးရပြုံးလိုက်သည်

သူအပေါ်မှာထားနေတဲ့ သူမရဲ့အကြောက်တရားတွေလဲ ပျောက်ကွယ်သွားခဲ့သည် အခု သူမအကြောင်း ပိုသိချင်တယ်ဆိုတာ သူဘာကိုဆိုလိုတယ်ဆိုတာ သူမသိသည်
သူကို အနည်းငယ်လောက် စိတ်မကျေ‌နပ်အောင်လုပ်မိရင်တောင် သူမအား လန့်လိမ့်မည်ဟု သူမမထင်
ဒါဆို တစ်ကိုယ်ကောင်းနည်းနည်းလောက်ဆန်လိုက်ရင်လဲ အဆင်ပြေလောက်တယ်မလား?

"ကျွန်မရဲ့ ဝါသနာလေ"
* * *

"လေဒီပါနေးရား ဒါကြီးကို တကယ်ကြိုက်တာလား"
လုရှန် ငိုရှိုက်သံနှင့် ပြောလိုက်သည်

သူမလက်မောင်းတွေကိုပိုက်ထားရင်း ခေါင်းကိုညှိမ့်လိုက်သည်
"ဟုတ်တယ် ကျွန်မတကယ်သဘောကျတာ"

သူမစကားတွေကြားတော့ သူရဲ့ ငွေမင်ရောင်မျက်တောင်တွေတုန်လှုပ်သွားတော့သည်
သူရဲ့ရှက်နေမှုကိုကြည့်ရင်း သူမပါးစပ်အစွန်းတွေ မြင့်တတ်သွားခဲ့သည်
လုရှန်သာ သူမကို အခုလိုမြင်လိုက်ရတော့ သူအရှုံးပေးလိုက်သလို သက်ပြင်းချလိုက်တော့သည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now