အပိုင်း(၅၇)

548 89 2
                                    

ထိုအချိန်တုန်းက ဧကရာဇ်သည် ဖျားနာနေပြီး လုရှန်ကို ကောင်းကောင်းမကာကွယ်နိုင်ခဲ့ပေ

ရလဒ်အနေနဲ့ကတော့ သူ့အောင်မြင်မှုအတွက် 'အရှင် ကာဒီယမ်'ဆိုတဲ့ ဘွဲ့နာမည်တစ်ခုနဲ့ မြေသေးသေးလေးတစ်ခုသာ ရလိုက်သည်

ဧကရာဇ်က သူနဲ့ပတ်တဲ့တဲ့အရာအားလုံးကို ဂရုစိုက်လေသည်
"မင်း စစ်မြေပြင်ကိုပြန်သွားပြီး ပြဿနာကို ဖြေရှင်းလိုက်မယ်ဆိုရင် အဲ့တုန်းက မင်းကို ငါမပေးနိုင်ခဲ့တဲ့ အဆင့်အတန်းနဲ့နေရာကို ငါပေးနိုင်လိမ့်မယ် ဒီအချိန်မှာတော့ မင်းနဲ့ထိုက်တန်တဲ့ ဆုလာဘ်ကို ရစေမယ်"

အရင်တုန်းက အထက်တန်းလွှာတွေကို ခုခံနိုင်တဲ့လူမရှိခဲ့ ဒါပေမဲ့ အခုတော့ ရှိနေလေသည်

ဒီအခွင့်အရေးက လုရှန်ကို သူပေးချင်ခဲ့တဲ့အရာတွေကို ဧကရာဇ်ပေးနိုင်ခွင့်ရလိမ့်မည်

ဒီအမိန့်က လုရှန်အတွက် ရည်ရွယ်လေသည်

လုရှန်က ဧကရာဇ်က ရည်ရွယ်ချက်အမှန်ကိုသိလေသည် သူက သူသဘောအကျရဆုံးစစ်သည်အတွက် လုပ်ဆောင်လိုခြင်းဖြစ်သည်
‘ဒါပေမဲ့…’

လုရှန်က ဧကရာဇ်ရဲ့အမိန့်ကို အဆင်သင့်လက်မခံနိုင်ပေ စစ်မြေပြင်ဇုန်က အလွန်ဝေးလေသည် မြင်းတွေပြေးတာဘယ်လောက်ပဲ မြန်ပါစေ ထိုနေရာကိုရောက်ဖို့ တစ်ပတ်ထက်ပိုပြီး ကြာလေသည် ထပ်ပေါင်းပြောရရင် ဧကရာဇ်ထင်သလို ဒီပဋိပက္ခက မြန်မြန် ဖြေရှင်းနိုင်မယ်လို့ အာမခံချက်မရှိပေ

'ငါ သူမနဲ့ အကြာကြီး ဝေးနေရမှာပဲ'

နှုတ်ခမ်းတွေဖိပြီး တွေးနေတဲ့ လုရှန်ကိုကြည့်ပြီး ဧကရာဇ်က အံဩစွာနှင့်ပြောလေသည်
“မင်း ငါ့အမိန့်ကို မနာခံဖို့‌တွေးနေတာလား”

လုရှန်က ဇဝေဇဝါနှင့်ပြန်ဖြေလေသည်
"ကျွန်တော်ကို တွေးဖို့ အချိန်နည်းနည်းလောက်ပေးပါအုမ်း"

"ဘာလဲ ပါနေးရားက မသွားဖို့ပြောရင် နေမကောင်းချင်ယောင်ဆောင်ပြီး ငါ့အမိန့်ကိုငြင်းမလို့လား"

“……..”

လုရှန်ရဲ့တိတ်ဆိတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဧကရာဇ်က လျှာကိုကျစ်ခန လုပ်လိုက်ကာ ရေရွတ်လေသည်
"ငါ့သားကလဲ အချစ်နွံ‌နစ်နေတာ ပြီးတော့ အခုလဲ ဒီကောင်ကပါ အချစ်နွံနစ်နေပြန်ပြီ" (ရီသေ)

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now