အပိုင်း(၇၂)

353 54 3
                                    

ထိုနေရာမှာ အဖြေတချို့ကို ရှာရန် သူမဆုံးဖြတ်လိုက်သည် အက်စတယ်လာကို သူမပြောလိုက်သည်
"လုရှန်ရဲ့ မွေးရပ်မြေကို သွားကြရင်ရော?"

"လုရှန်ရဲ့မွေးရပ်မြေ"

"ဟုတ်တယ် လုရှန်မွေးဖွားပြီး ကြီးပြင်းတဲ့နေရာ အဲ့နေရာမှာ သဲလွန်စတချို့လောက်တော့ ရလောက်တယ်"

အက်စတယ်လာသည် တခဏလောက်တွေးပြီး ခေါင်းညိမ့်လေသည်
"အကြံကောင်းပဲ တကယ်က ကျွန်မလဲ တခုခုကို စစ်ဆေးချင်နေတာ"

ဒါကြောင့် သူမနဲ့ အက်စတယ်လာတို့ လုရှန်ရဲ့မွေးရပ်မြေစီပြန်ဖို့ ဆုံးဖြတ်လိုက်ကြသည် ထိုအကြောင်းကိုကြားပြီးနောက် သူမအဖေက သူမကို ဆွဲထားပြီး ခေါင်းခါလေသည်
"သမီး အိမ်ပြန်ရောက်တာတောင် သိပ်မကြာသေးဘူး အခု ထပ်ပြီး ထွက်သွားပြန်ပြီ ပါနေးရား သမီးထွက်သွားတိုင်း ပြဿနာတခုခုနဲ့တော့ အမြဲကြုံနေကြ မဟုတ်တာလုပ်ဖို့မစဉ်းစားနဲ့ အိမ်မှာပဲနေ အဖေ သမီးကို အရသာရှိတဲ့အစားအစာတွေချက်ကြွေးပါမယ့် သမီးကြိုက်သလောက်သုံးဖို့ ပိုက်ဆံတွေလဲ အများကြီးပေးပါမယ်"

သူမအဖေရဲ့ ကြမ်းတမ်းတဲ့နှလုံးသားကိုခံစားမိပြီး နှာခေါင်းကို လက်နဲ့ထိလိုက်မိသည် မျက်ရည်တွေကို ထိန်းထားရင်း
"အဖေထင်သလောက် အဲ့လောက်ကြီး အန္တရာယ်မများပါဘူး သမီးက အက်စတယ်လာနဲ့သွားမှာ ဒါကြောင့်မို့စိတ်မပူပါနဲ့"

"‌ဒါပေမဲ့..."

"သမီးတောင်းပန်ပါတယ်"
သူမရဲ့ငိုယိုနေတဲ့ဖခင်ကို နှစ်သိမ့်ရင်း သူမဘာသာတွေးလိုက်မိသည်
'အဖေအရမ်းသဘောကျရတဲ့ အဖေရဲ့ အနာဂတ်သမတ်လောင်းလေးကို ပြန်ခေါ်ဖို့ သမီး နည်းလမ်းရှာလိုက်ပါ့မယ် ဒါကြောင့် အချိန်နည်းနည်းလေးလောက်ပဲစောင့်ပေးနော်' သူမခရီးထွက်လာတော့ မနက်မိုးလင်းနေလေပြီဖြစ်သည် တညလုံးနီးပါးငိုနေတဲ့ သူမအဖေက သူမ ပိုနှစ်သိမ့်လေ ပို‌ငိုလေဖြစ်လာသဖြင့် မျက်လုံးမှာ ယုန်မျက်လုံးလိုပင်နီရဲနေလေသည် အက်စတယ်လာနဲ့တွေ့ဖို့ ဂိတ်အရှေ့ဘက်ကို ဦးတည်လိုက်သည် အက်စတယ်လာဘေးမှာ ရပ်နေသော အက်စတယ်လာကို ယုံကြည်ဆည်းကပ်ဆုံးဖြစ်‌ေသာနောက်လိုက် ကားလစ်ကြောင့် သူမမျက်လုံးပင် ပြူးကျယ်သွားသည် သူတို့နှစ်ယောက်ကိုကြည့်ရတာ တစ်စုံတစ်ခုအကြောင်း အသည်းအသန်ပြောနေကြသလိုပင်
'တွေးကြည့်ရရင်တော့ ကားလစ်နဲ့သူမရန်ဖြစ်ထားတယ်လို့ ပြောတာပဲ အခုပြန်‌တည့်သွားပြီးလား'

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now