အပိုင်း(၈၀)

354 60 0
                                    

တံတွေးမြိုချမိသည်

‘ဘာတွေပဲဖြစ်ဖြစ် ငါ့ကတိကို ထိန်းရမှာပဲ’

အနည်းငယ်စိတ်ပူသောမျက်နှာနှင့် သူမခေါင်းညိမ့်လိုက်သည် ထိုအချိန်မှာ လုရှန်က ကြိုးလျော့သွားတဲ့ ခွေးတကောင်လို သူမဆီ အရှိန်နဲ့လာလေသည်

“ခ ခဏလေး...”

ကတိုက်ကရိုက်ဖြစ်သော အပြုအမူကြောင့် သူမလွှမ်းမိုးခံလိုက်ရသည် ဒါပေမဲ့ သူမရဲ့စိတ်ပူမှုတွေရှိနေသော်လည်း လုရှန်နှုတ်ခမ်းက သူမနှာဖူးကို အလွန်ညင်သာစွာထိလာလေသည်

ဟုတ်ပါတယ် ဒီနေ့ လုရှန်ကို ပေးဖို့ သူမဆုံးဖြတ်ထားတဲ့ ဆုက အနမ်းတစ်ခုဖြစ်သည်

သူမက သူ့ကို ပေးနေကြ အနမ်းမဟုတ်ပဲ သူက သူမကိုပေးသော အနမ်းဖြစ်သည်

‘ငါ စိတ်လှုပ်ရှားလိုက်တာ’

သူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုက သူမကိုထိလိုက်ရုံသာဖြစ်ပြီး သူမနှလုံးသားက ပေါက်ကွဲတော့မလို ခံစားနေရသည်

သူက မျက်နှာကို ဖြေးဖြေးချင်း နှိမ့်လာပြီး သူမကို နမ်းလေသည်

မျက်ခုံးတွေအထက် မျက်တောင်တွေတုန်ရီနေတဲ့ သူမ၏ပိတ်ထားသောမျက်လုံးတွေထက် ‌နှာခေါင်းထိပ်ကလေး ပြီးနောက် သူမ၏ နားနှစ်ဖက်

“အမ်း”

သူအထိအတွေ့က သူမနားတွေကို ယားစေသလိုဖြစ်ဝာာကြောင့် ထိုလိုထူးဆန်းတဲ့အသံမျိုးထွက်လာတာက သူမစိတ်လှုပ်ရှားနေတာကြောင့်ဖြစ်နိုင်သည်

လုရှန်က သူမကချစ်စရာကောင်းတယ်လို့ သူတွေးနေသလို ပြုံးလေပြီး သူမနှုတ်ခမ်းတွေကို နမ်းလေသည် ဒီလောက်နဲ့ သူက တော်ရုံတန်ရုံ ကျေနပ်‌သင့်ပေမဲ့...

လုရှန်နှုတ်ခမ်းတွေက သူမနှုတ်ခမ်းတွေကနေ ဆင်းသွားပြီး သူမလည်ပင်းတွေအပေါ် ရောက်လာလေသည် သူမရဲ့အကာအကွယ်မဲ့ လည်ပင်းတွေကို သူနှုတ်ခမ်းက ထိလိုက်ချိန်မှာ သူမတကိုယ်လုံး တုန်ရီသွားသည်
“လု-လုရှန်!”

ဒါပေမဲ့ သူကမရပ်ခဲ့

သူနှုတ်ခမ်းတွေက သူမ၏collarboneဆီ ဆင်းသွားချိန်မှာ သူမအော်လိုက်သည်
“ဒီနေရာမှာ ရပ်တော့”

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now