အပိုင်း(၇၈)

390 72 4
                                    

ဒေါက်တာကန်ရဲ့ တောရိုင်းတိရစ္ဆာန်တွေနဲ့ သူ့ဘ၀တလျောက်လုံး သီအိုရီတစ်ခုနဲ့ ဆက်သွယ်မှုက အလွန်အံအားသင့်ဖွယ်ကောင်းလေသည်

သတိဝီရိယအရှိဆုံးလို့ ပြောကြတဲ့ မြွေပါက ဆရာ၀န်မျက်နှာကို အီးပေါက်ပြီး အလွန်ခေါင်းမာတယ် နာမည်ကြီးတဲ့ ‌ဝံပုလွေက ဆရာ၀န်ကိုနေ့တိုင်းနီးပါးလိုက်ဖမ်းတတ်တဲ့ ကောင်တွေက သူတို့နဲ့လိုက်ကစားဖို့ တောင်းဆိုလေ့ရှိသည် လူတွေနဲ့အထိအတွေ့ရှောင်ပြီး မာနကြီးတဲ့ လမ်းဘေးကြောင်လေးတွေကလဲ ပြား၀ပ်အောင်လဲလျောင်းပြီး ဒေါက်တာကန်ကိုကြည့်ပြီး “မင်း ငါ့ကို မွေးစားမလား”လို့ မေးနေသလိုပင်
ကြီးမြတ်တဲ့ဒေါက်တာကန်ရေးသမျှစာအုပ်ကို ဖတ်ပြီး သူမ မျှော်လင့်ချက်ရှိလာလေသည်

တိရစ္ဆာန်အားလုံးနီးပါး လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အောင်မြင်သွားပြီး လူတွေနဲ့ နေထိုင်ကြသည်

လုရှန်ကရော ဘာလို့ မဖြစ်နိုင်ရမှာလဲ!

သူမ မဟုတ်ဘူး လုရှန် နဲ့ သူမ သေချာပေါက် အောင်မြင်ရမည် တောက်လောင်နေတဲ့ မျက်လုံးတွေနဲ့ လုရှန်ရှိရာ တံခါးကိုဖွင့်လိုက်သည်

လုရှန်က အနီရောင်ပြေးနေတဲ့မျက်နှာနှင့် တစ်စုံတစ်ခုကို ငေးကြည့်နေသည် သူမကလေးဘ၀က ပုံတွေပါတဲ့ စာအုပ်ဖြစ်လေသည် သူမတို့ လုရှန် မွေးရပ်မြေကနေထွက်လာတုန်းက ကားလစ်ကို သူမအကူအညီတောင်းခဲ့သည်
‘လိုင်လာရဲတိုက်နေ ကျွန်မယူစရာ တစ်ချို့ရှိတယ် ရှင် ကျွန်မကို အဲ့တာတွေ ယူပေးမလား’

အိမ်ရှေ့စံမင်းသားအာဏာက အံဩစရာကောင်းလေသည်

ချက်ချင်းပင် ကားလစ်က အင်ပါယာရဲ့ အမြန်ဆုံး အမိန့်ပေးကာ သူမတောင်းဆိုချက်ကို ဖြည့်ပေးလေသည်

အဲ့အရာတွေထဲက တစ်ခုဖြစ်သည်

စိတ်ကျေနပ်နေသလိုမျက်နှာနှင့် သူမ ပြုံးလိုက်သည်
‘ထင်တဲ့အတိုင်း ငါယူလာမိတာ တော်သေးတာပေါ့’

ဒေါက်တာကန်ရဲ့ တောရိုင်းတိရစ္ဆာန် လေ့ကျင့်ရေး Chapter 1 (တိရစ္ဆာန်ဘာကြိုက်တယ်ဆိုတာ ရှာဖွေပါ)

ပုံမှန်အားဖြင့် တိရစ္ဆာန်တွေက အရမ်း သတိဝီရိယရှိလေသည် ဒါကြောင့် ပထမဆုံး သင် သူတို့ရဲ့အစောင့်အကြပ်ကို လျော့လာအောင်လုပ်ရမည် ထိုသို့လုပ်ဖို့ဆိုရင် အထိအရောက်ဆုံးအရာက သူတို့ကြိုက်တဲ့အရာကို ပေးရန်ဖြစ်သည်
ခွေးတစ်ကောင်သာဆိုရင် အသားတပိုင်းက ကောင်းလိမ့်မည် ပန်ဒါ၀က်ဝံဆိုပါက ဝါးက ကောင်းလိမ့်မည် လုရှန်အတွက်သာဆို ပါနေးရားကသင့်တော်လိမ့်မည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးOnde as histórias ganham vida. Descobre agora