အပိုင်း(၈၁)

367 52 0
                                    

လုရှန်က အေးစက်စက်အသံနှင့်ပြောလာခဲ့သည်
“ငါအဲ့လိုလုပ်ဖို့ ရည်ရွယ်ချက်တော့မရှိပါဘူး သို့ပေမဲ့လည်း မင်းကိုသတ်ပစ်ဖို့တော့ ဆန္ဒရှိတယ်”

“ဝိုး ငါကို အခုလိုပြောပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”

လုရှန်၏မျက်လုံးတွေက ကြောက်စရာကောင်းနေပေမဲ့ အနည်းဆုံးတော့ အရင်ကလိုမျိုး သူဆီ ပြေးလာမဲ့ပုံတော့ မပေါ်ပေ

‘ပါနေးရား ဒီနေရာမှာမရှိနေလို့ပဲဖြစ်ရမယ်’

လုရှန်က သူမသာ ဒီနေရာမှာမရှိနေသရွေ့ အတော်လေး စိတ်ကျန်းမာပုံရသည် ခွန်းက အနည်းငယ် စိတ်သက်သာဖြစ်လာပြီး ခန္ဓာကိုယ်က ပေါ့ပါးသွားသည်
“ဒါဆို မင်း ဒီလိုညနက်အချိန်အခါကြီး ငါ့ဆီ ဘာလာလုပ်တာလဲ”

ခွန်းစကားကြောင့် လုရှန်က သူကိုခဏလောက် ငုံ့ကြည့်လာကာ ခေါင်းထဲ၌ တွေးနေလေသည် လုရှန်က ခွန်းနဲ့ စစ်ပွဲတွေ သွားခဲ့ဖူးသည် ခွန်းမှာ လူနာတွေကို ကုသပေးတဲ့နေရာတွင် အတော်လေး ကျွမ်းကျင်သည် ဒါ့အပြင် ဆေးဝါးပြုလုပ်တဲ့နေရာမှာလည်း အလွန်ကို စွမ်းရည်ရှိသည် ခွန်းက ဝိဇ္ဇာများလားလို့ လုရှန် ထင်သွားရလောက်အောင်အထိ အံဩစရာဆေးဝါးမျိုးကို သူတခါတရံပြုလုပ်ခဲ့ဖူးသည်

ဒီဆေးဝါးတစ်မျိုးကလဲ တစ်ခုအပါအ၀င်ဖြစ်လေသည် ဆက်တိုက်လိုလို ဖြစ်လာတဲ့ တိုက်ပွဲတွေက စစ်သည်တချို့ကို ရူးသွားစေသည် သူတို့က အလွန်အမင်း လှုံ့ဆော်ခံရပြီး အိပ်မရဖြစ်လာကာ လူမဆန်တဲ့အကြမ်းဖက်မှုကို ဖြစ်လာစေခဲ့သည်
“စစ်မြေပြင်မှာ စစ်သည်တွေ မင်းလုပ်ခဲ့တဲ့ ဆေးဝါးကို သုံးခဲ့တုန်းက ချက်ချင်းကို တည်ငြိမ်မှုရလာတာ”

“ဟုတ်တယ်လေ”

“ဒါဆို ငါ့ခံစားချင်တွေကို ဖိနှိပ်နိုင်မဲ့ ဆေးဝါးမျိုး မင်းလုပ်နိုင်တယ်မလား”

“…..!”

ခွန်းမျက်လုံးတွေက မထင်မှတ်ထားတဲ့စကားတွေကြောင့် ပြူးကျယ်လာခဲ့သည်

‘သူမက ဒါကြောင့် ငါ့ကို ‌ဒီနေရာကိုလာအောင်လုပ်တာပဲ’

အမှန်အတိုင်းပြောရရင် ခွန်းကို ပါနေးရားက ဒီနေရာကိုလာဖို့ ဆက်သွယ်တုန်းက ခွန်း စဉ်းစားရခက်သွားခဲ့သည် လူအများကြီးထဲကမှ သူမက သူကိုရွေးချယ်တာကတော့ အံဩစရာမဟုတ်ခဲ့ သူမက သူ့ကို ဘာကြောင့်ရွေးချယ်ရတယ်ဆိုတာကို အလွယ်လေးခန့်မှန်းနိုင်တာကြောင့်ပင်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now