အပိုင်း(၇၀)

464 62 5
                                    


သူမလက်ချောင်းတွေကို နှိပ်နှယ်ရင်း သတိထားကာပြောလိုက်သည်
"ရှင်ရဲ့အတိတ်ကအဲ့လောက်ထိမဆိုးဘူး လုရှန်ကိုသဘောကျပြီး လေးစားတဲ့လူတွေအများကြီးရှိပါဘူး ပြီးတော့ အရှင်က ရှင့်ကို အသိအမှတ်ပြုထားတာပဲလေ အဲ့လိုအချိန်မျိုးကိုပြန်မသွားချင်ဘူးလား"

ဒါက သူမရဲ့နောက်ဆုံးကြိုးစားမှူဖြစ်‌လေသည်
သူမ လုရှန်ကို တနည်းနည်းနဲ့ပဲ ဖြစ်ဖြစ် ကြိုးစားပြီး ဖြောင်းဖျချင်သေးသည်
သူမက သူကို ယခင် မူလပုံစံကို ပြန်ပြောင်းလဲစေချင်သည် ဒါပေမဲ့ လုရှန်က သူမကို အေးစက်စက်မျက်နှာနှင့် ပြန်‌ဖြေလေသည်
"လုံး၀မဖြစ်ချင်ဘူး"

"......"

"နေးရား ကိုယ်က မွေးလာကထဲက စွန့်ပစ်ခံခဲ့ရတယ် လူတွေက ကိုယ့်ကို လက်ညှိုးတွေထိုးပြီး ဆဲဆိုကြတယ် ပျက်ရယ်ပြုကြတယ် ရိုက်နှက်ကြတယ် အဲ့နေ့က ကိုယ်ကို ကယ်တင်ခဲ့တဲ့သူက မစ်အက်စတယ်လာ"

ဒဏ်ရာတွေနဲ့လုရှန်အသေးစားလေးရဲ့ လက်ကိုကိုင်ပြီး အက်စတယ်လာကပြောခဲ့‌ေလသည်
[လုရှန် မင်းက ကျိန်စာသင့်နေတဲ့ကလေးတစ်‌ေယာက်မဟုတ်ပါဘူး မင်းက ကြင်နာတတ်ပြီး နွေးထွေးတဲ့ နှလုံးသားရှိတဲ့သူပါ မင်းကဘယ်လိုလူဆိုတာ သူတို့သိလာကြရင် လူတွေကမင်းကိုချစ်လာကြမှာပါ]

လုရှန်က မျက်လွှာချရင်း ပြောလေသည်
"အဲ့ဒါကြောင့် ကိုယ်ကြိုးစားခဲ့တယ် လူတွေမကြိုက်တဲ့အရာ‌တွေကို ကိုယ်မလုပ်မိ‌ေအာင် ကြိုးစားခဲ့တယ် ပြီးတော့ အန္တရာယ်များတဲ့အလုပ်တွေကို ကိုကိုယ်တိုင်ဦးဆောင်ပြီး စိတ်ပါလက်ပါ၀င်လုပ်ခဲ့တယ် မစ်အက်စတယ်လာပြောတာမှန်တယ် လူတွေက ကိုယ့်ကို ခေါ်နေကြ မကောင်းဆိုးဝါးဆိုတာကို မခေါ်ကြတော့ဘူး"

အင်ပါယာရဲ့အကောင်းဆုံးစစ်သည်, ကာဒီယမ်
သူက ဧကရာဇ်ရဲ့ယုံကြည်မှု အထက်တန်းလွှာတွေရဲ့မျက်နှာသာပေးမှု ပြီးတော့ စစ်သည်တွေရဲ့လေးစားရို‌ေသမှုကို ရခဲ့တယ်
သူကိုမြင်တဲ့ လူတိုင်းရဲ့အမြင်ကိုတော့ ဘယ်ပြောင်းလဲနိုင်မှာလဲ လုရှန်ရဲ့မျက်လုံးနီနီတွေကို မနှစ်မြို့တဲ့လူတွေလဲကျန်ရှိနေသေးသည် လုရှန်က သူတို့တွေကို စိတ်ထဲမထားပေ သူတို့တွေ သူ့ကို အမြဲတမ်းလိုလို လျစ်လျူရှုထားတတ်ပေမဲ့ သူကို ရန်လိုသော သဘောထား‌မျိုးတော့မရှိပေ အက်စတယ်လာက ထိုကဲ့သို့သော အမုန်းတရားတွေ ဒေါသတွေက သူကို ဘာမှမလုပ်နိုင်ကြောင်း သင်ထားတာကြောင့်ပင်
"ဒါပေမဲ့ ဒါက ကိုယ့်ရည်ရွယ်ချက်မှမဟုတ်တာ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now