အပိုင်း(၁၁)

1.3K 133 2
                                    

"လေဒီ ပါနေးရား မင်းအဆင်ပြေရဲ့လား"
တံခါးအပြင်ဘက်က လုရှန်ရဲ့အသံကိုကြားလိုက်ရတဲ့အခိုက်အတန့် သူမနှလုံး အနည်းငယ် ခုန်လာခဲ့သည်

'ငါ့ကိုဘယ်အချိန်သတ်မလဲဆိုတာ မသိတဲ့တစုံတယောက်အတွက် ငါဒီလိုလုပ်သင့်ရဲ့လား'
သတိမထားမိလိုက်ပါပဲ သူမခန္ဓာကိုယ်က ၀မ်းနည်းစွာ တုန်လှုပ်လာခဲ့သည်

တခါထဲ လုရှန်အသံက ၀င်လာခဲ့ပြန်သည်

"လေဒီပါနေးရား မင်းစိတ်ထဲမထားရင် ကိုယ် ခဏလောက်၀င်လာလို့ရမလား"
သူမ မြန်မြန်ပြန်ဖြေလိုက်သည်

"မရဘူး"
“……..”
သူမ အထက်စီးဆန်နေသလိုပုံပေါက်နေတယ်လို့တွေးမိပြီး မြန်မြန်ထပ်ပေါင်းပြောလိုက်သည်

"ကျွန်မက အခုရှုပ်ပွနေတာ"
သူမလိမ်နေခြင်းမဟုတ်ပေ

သေချာတာပေါ့ အန်နီ စံအိမ်ကနေ အဝေးရောက်နေတဲ့ အချိန်အတွင်း ညစ်ပတ်စုတ်ပြတ်လာခဲ့ခြင်းမဟုတ်ပေ ဒါပေမဲ့ သူမအခန်းထဲမှာ ရက်အတော်အကြာအောင်းနေတာကြောင့် သူမရဲ့ပုံပန်းက သိပ်ကြည့်ကောင်းမနေပေ

"ကျွန်မ ရှင့်ကို အကြောင်းပြချက်ကောင်းကောင်းပေးပြီးပြီ ဒါကြောင့် ကျေးဇူးပြုပြီး ပြန်လိုက်ပါတော့"

သူမပြင်ပြင်းထန်ထန်မျှော်လင့်နေခဲ့သည် ဒါပေမဲ့ သူက မမျှော်လင့်ထားသော တစ်စုံတစ်ခုကို ပြောလာခဲ့သည်
"ဒါဆိုလဲ ကိုယ့်မျက်လုံးတွေကို ကာပြီး ၀င်လာခဲ့မယ်"
"ဘာ!"

သူမ ရှော့ရသွားပြီး မျက်လုံးတွေ ပြူးကျယ်လာအောင် သူက အသံတိုးတိုးလေးနှင့်ဆက်ပြောလာခဲ့သည်

"မရဘူးလား"
'နိုး လုံး၀မရဘူး'
'ဒါကြောင့်မို့ ပြန်လိုက်ပါတော့'
'ဒီ သနားစရာကောင်းတဲ့ အပိုဗီလိန်နဲ့ လာမရှုပ်ပါနဲ့တော့'

ဒါပေမဲ့ ဒီစကားလုံးတွေက သူမပါးစပ်ထဲက ထွက်မလာခဲ့ပေ
သူမ ကြားခဲ့ရသော အသံက အရမ်းသနားစဖွယ်ကောင်းနေခဲ့သည် ပိုင်ရှင်စီကနေစွန့်ပစ်ခံထားရတဲ့ ခွေးတကောင်နဲ့ တူနေလေသည်
သူမ ခေါင်းညိမ့်ဖို့ ဖိအားပေးခံရပြန်သည်

"ပြီးတာပဲ ၀င်လာခဲ့"

"ကျေးဇူးပါ လေဒီပါနေးရား"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now