အပိုင်း(၅၂)

595 90 0
                                    

"ဒီမှာ ယောင်ခြောက်ဆယ်လုပ်ပြီး အချိန်ဖြုန်းနေကြတဲ့ ခင်ဗျားတို့တွေကတော့ ဘယ်သိလိမ့်မတုံး ဒါပေမဲ့အငြင်းပွားတဲ့ဧရိယာတစ်ဝိုက်က စစ်ပွဲတွေဆိုရင် အရမ်းကြီးတယ် နေ့ရက်တိုင်းက ထိတ်လန့်ဖွယ်ပဲ ဒါပေမဲ့ အဲ့နေ့က အထူးသဖြင့် ပို ထိတ်လန့်စရာကောင်းတယ် လူအင်အားပိုများတဲ့ ရန်သူဘက် ညလယ်ကြီးတိုက်ခိုက်ကြတာ"

'အမ်'

"ရန်သူတွေ ဆိုးယုတ်တဲ့အသံတွေအော်ပြီး ချီတတ်လာကြတာ ခဏက စစ်ပွဲရှည်ကြောင့် ပင်ပန်းနေတဲ့ ကျွန်တော်တို့ လူတွေလဲ မယ်မယ်ရရပြန်မတိုက်နိုင်တော့ဘူး"

"အား!"

"ဟမ်း!"

နာကျင်နေတဲ့ အော်သံတွေကို ဘေးပတ်ပတ်လည်မှာ ကြားနေရသည်

"ကျွန်တော်တို့နဲ့ ပူးပေါင်းထားသူတွေကလဲ လက်နက်ပြည့်စုံအောင် ထောက်ပံ့မခံထားရတဲ့သူတွေဆိုတော့ မတတ်နိုင်‌ဘူး လက်ဗလာတွေနဲ့ ပြေးရတော့တာပေါ့ ကျွန်တော်တို့ရဲ့ ကံကြမ္မာကို ပြောင်းလဲပေးလိုက်သူက လုရှန်ပေါ့"

"ဓားတချောင်းကို ဆွဲကိုင်ပြီးတော့ ကျွန်တော်တို့ရဲ့မဟာမိတ်တွေကို စု‌စည်းပေးလိုက်တာ အဲ့တာကြောင့် ကျွန်တော်တို့မရှုံးခဲ့တာ"

လုရှန်ကလဲပဲ အခြေအနေက ကောင်းမနေပေ သံချပ်ကာမပါဘဲ အ၀တ်ပါးလေးတစ်ခုကိုသာ၀တ်ဆင်ထားခဲ့သည် ရှပ်အင်္ကျီပေါ်က ကြယ်သီးတွေကလဲ ပြုတ်ထွက်နေခဲ့သည် မသပ်မရပ်ပုံစံပေါက်နေတဲ့ လုရှန်က ဓား‌တချောင်းကို လက်ကကိုင်ထားခဲ့သည် သို့သော်လည်း လုရှန်က သတ္တိရှိစွာ ရန်သူတွေဆီ ပြေးသွားလိုက်သည် သူ ဓားကို လွှဲရမ်းလိုက်ပြီး ရန်သူတွေကို ကြုံသလို ဖြတ်ခုတ်ခဲ့သည် ထိုအခြင်းအရာက ရန်သူတွေရဲ့အရှိန်ကို ‌လှုပ်ရှားစေခဲ့သည်

"စစ်ပွဲဇုန်ထဲမှာ ကျွန်တော်နေတာအတော်ကြာခဲ့ပြီဆိုပေမဲ့ အဲ့လိုမြင်ကွင်းမျိုး မြင်ဖူးတာကတော့ ဒါပထမဆုံးအကြိမ်ပဲ လူသားတစ်ယောက်က ဘယ်လိုလုပ်ပြီး လူသားများစွာကိုသတ်နိုင်ရတာလဲဆိုတာကို ယုံတောင်မယုံနိုင်ခဲ့ဘူး"

ခွန်းရဲ့ ဇာတ်လမ်းကို နားထောင်နေတဲ့ အမျိုးသမီးတွေနှင့် သူမအဖေတို့ တံတွေးတွေပင်မြိုချနေကြသည် စစ်ပွဲကို ကိုယ်တွေ့မကြုံဖူးသူတွေအတွက် ခြောက်ခြားစရာ ဇာတ်လမ်းပင်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now