အပိုင်း(၅၄)

586 103 2
                                    

တိမ်ကင်းစင်ပြီး ကြည်လင်နေတဲ့အပြာရောင်ကောင်းကင်နှင့် ဆောင်းဦးပိုင်း လေပြေအေးအေးလေးက သူမဆံပင်တွေကို ညင်သာစွာ ဖြတ်တိုက်သွားလေသည်

စိတ်ချမ်းသာစရာနေ့ကလေးတနေ့ဖြစ်နေလေသည်

သူကိုမမြင်ခင်အချိန်အထိ

"ဟိုင်း"

ခွန်းက သူမအား အားပါပါနှင့် လက်ယမ်းပြနေသည် သူကိုမြင်လိုက်ချင်းမှာပဲ ကျောပေးကာ လှည့်လိုက်သည်

ခွန်းကတော့ သူမနောက်ကနေ စကား ဆက်ပြောနေလေသည်
"ဟေး။ မင်း ငါကို အရမ်း မာနကြီးလွန်းနေတယ်မထင်ဘူးလား"

"ကျွန်မတောင်းပန်ပါတယ် အခု ကျွန်မနည်းနည်းလေးအလုပ်များနေတယ်"

"ငါ့ကို ဟိုင်းလို့ ပြန်မပြောရလောက်အောင်အထိ အရမ်းအလုပ်များနေတာလား"

"ဟုတ်တယ် ကျွန်မ ရှင့်ကို မကြည့်နိုင်လောက်တဲ့အထိကို အရမ်း အလုပ်များနေတာ"

သူမနောက်ကိုလိုက်နေတဲ့ခွန်းက ရုတ်တရက်ကြီး သူမရှေ့ကို ရောက်လာခါ မေးလေသည်
"ငါပို့လိုက်တဲ့လက်ဆောင်ရလား"

သူမလဲ မတတ်နိုင်ပဲ လမ်းလျှောက်တာရပ်လိုက်ရသည် ခွန်းနဲ့ မျက်နှာချင်းဆိုင်ရပ်ပြီး ပြောလိုက်သည်

"ကျွန်မလဲ နောက်ကျရင် ရှင့်ကို ပြောရမယ်ဆိုပြီး စီစဉ်ထားတာ ရှင်မေးလာမှတော့ အတော်ပဲ လက်ဆောင်ပဲ ဖြစ်ဖြစ် ဘာကြီးပဲဖြစ်ဖြစ် အဲ့ရုပ်ဆိုးတဲ့ဟာကြီးပြန်ယူသွားလိုက်စမ်းပါ"

"ဘာလို့လဲ မင်းမကြိုက်ဘူးလား"

ခါးသီးနေသောမျက်နှာနှင့် ခွန်းက ဆေးပင်အကြောင်းကို ရှင်းပြဖို့ စတင်လေသည်
"မင်း သဘောမပေါက်သေးဘူးထင်တယ် ဒါပေမဲ့ အဲ့ဆေးပင်က မင်းအခု၀တ်ထားတဲ့ အထည်နှစ်ဆယ်စာလောက်၀ယ်လို့ရတယ် အဲ့အပင်က ရှာတွေ့ဖို့အရမ်းခက်လို့ ပိုက်ဆံနဲ့ပေး၀ယ်ချင်ရင်တောင် ဝယ်မရဘူးနော်"

ထို့နောက် ခွန်းက မာနကြီးစွာရယ်နေတော့သည်
"ဒါဆို အခုရော ဘယ်လိုလဲ အခု ငါကို ကျေးဇူးတင်ချင်သွားပြီမလား"

'ဘာပြောလိုက်တယ် ကျေးဇူးတင်တယ်?'

သူမက မျက်နှာတည်တည်နှင့်ပြောလိုက်သည်
"အဲ့ဆေးပင်က ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးရတနာဖြစ်နေရင်တောင် ကျွန်မမလိုချင်ဘူး ဒါကြောင့် ပြန်ယူသွားပါ ကျွန်မက ဘာလို့ ရှင်ဆီကဟာကို ယူရမှာလဲ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now