အပိုင်း(၅၀)

683 93 2
                                    

သူမအဖေက သူမပခုံးကိုကိုင်ပြီး နှစ်သိမ့်တဲ့အမူအရာနှင့် ပြောတော့သည်
"မင်္ဂလာပွဲနေ့သတ်မှတ်ပေးမဲ့သူတွေက လေထုအခြေအနေမကောင်းလို့ ရွေ့ဆိုင်းနေရတာ ဒါကြောင့် စိတ်ရှည်ရှည်ထားပြီးစောင့်ပါ"

သူမခေါင်းတချက်ညိမ့်ပြီး ပြတင်းပေါက်ကိုကြည့်နေမိတော့သည် ပြတင်းပေါက်မှာ အလင်းပြန်နေတဲ့ လှပတဲ့မြင်ကွင်းကိုကြည့်ရင်း ဆောင်းရာသီက တဖန်ရောက်လာခဲ့ပြန်တော့သည် မူရင်း၀တ္ထုအရဆိုရင်း ဧကရာဇ်က ဒီဆောင်းရာသီမတိုင်ခင်မှာ ဆုံးပါးသွားလိမ့်မည်

ဧကရာဇ်နဲ့ပတ်သတ်ပြီး သူမမှာ စိတ်ခံစားချက်ကောင်းမရှိပေမဲ့ ဘာနေနေ သူက သူမတို့နိုင်ငံရဲ့ အုပ်ချုပ်သူပဲလေ သူတို့ကလဲ အချင်းချင်း နည်းနည်းလောက်သိကြသေးတယ်မလား အဲ့လိုလူတယောက်ရဲ့ဘ၀က ဆိုးရွားတဲ့အခြေအနေရောက်နေတော့ သူမ ရင်ထဲ ခါးသက်သလိုခံစားရလေသည်

───── 〔✿〕─────

ဒါက သူမ လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်တုန်းကတွေးခဲ့သောအရာပင်

"မတွေ့ရတာကြာပြီနော် ပါနေးရား"

"အင်ပါယာရဲ့ ကြီးမြတ်လှတဲ့ ဧကရာဇ်ကို နှုတ်ဆက်ပါတယ်"

သူမကို တော်၀င်မြို့တော်အားလာပြီး ဧကရာဇ်နဲ့တွေ့ရန် အမိန့်ရခဲ့လေသည်

'သူ ငါ့ကို ရုတ်တရက်ကြီး ဘာလို့တွေ့ချင်ရတာလဲ'

သူက အင်ပါယာကို အဓိက အုပ်ချုပ်သူဖြစ်တယ်ဆိုအုမ်းတော့ ဧကရာဇ်နဲ့တွေ့ဆုံရတာက စိတ်ချမ်းသာစရာမကောင်းပေ နှစ်ယောက်သား မျက်နှာချင်းဆိုင် အနေအထားက ပိုလို့တောင် ဆိုးနေသေးသည် စိတ်လှုပ်ရှားစွာနဲ့ ခေါင်းကိုမော့လိုက်တဲ့အခါမှတော့ သူမအံဩသွားမိတော့သည်

'သူပုံစံက အရင်ကထက်တောင် ပိုဆိုးလာတာပဲ'
သူမအဖေဆီက ကြားရတဲ့အတိုင်း ဧကရာဇ်အခြေအနေက အတော်ဆိုးနေတာပင် သူရဲ့ ဖြူဖျော့နေတဲ့မျက်နှာပေါ်မှာ ဘာအရောင်မှမရှိတဲ့အပြင် ဝိတ်ပါကျသွားပုံရသည်

ဧကရာဇ်ရဲ့နာမကျန်းဖြစ်လာရသည်မှာ အဆိပ်ကြောင့် ဖြစ်ပေါ်လာသော အတွင်းဒဏ်ရာကြောင့်ဖြစ်သည် ထိုအဆိပ်၌ ဖြေဆေးလဲမရှိပေ ပုံသဏ္ဍာန်မရှိတဲ့အဆိပ်က သွေးထဲတွင် ကျန်နေခဲ့ပြီး ကိုယ်တွင်းအင်္ဂါများကို ပျက်စီးစေကာ အူများကို ဝါးမြိုသွားခဲ့သည် ဒါကြောင့် အက်စတယ်လာရဲ့စွမ်းအားနဲ့ ကုသရင်တောင်အသုံးမ၀င်ပေ ခန္ဓာကိုယ်ထဲက အဆိပ်က မပြေမချင်း ဧကရာဇ်က ပြန်လည်ကျန်းမာလာမည်မဟုတ်ပေ သူက ဒီလိုမျိုး သေလောက်အောက်ပြင်းတဲ့အဆိပ်ခတ်ခံရတာဖြစ်သည်
"မင်း အဲ့လိုအကြည့်နဲ့ ကြည့်နေစရာမလိုပါဘူး ငါက အခုချက်ချင်းသေသွားမှာမှ မဟုတ်တာ"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now