အပိုင်း(၅၆)

539 88 0
                                    

လုရှန်က သူမအား မနိုင်သလိုအကြည့်နှင့်ကြည့်ပြီး သက်ပြင်းဖြေးဖြေးလေးချလေသည်

ပြီးနောက် သူမလက်ကိုကိုင်သည်

လုရှန်နဲ့ သူမ လက်တွေကိုင်လိုက်ချိန်၌ ကပွဲခန်းမထဲက မျက်လုံးတွေအားလုံးက သူတို့နှစ်ယောက်ဆီလှည့်လာတော့သည်

တခဏကြာပြီးနောက် လုရှန်နှင့် သူမ သီချင်းသံစဉ်အတိုင်း ခြေလှမ်းလှမ်းဖို့ စတင်လေသည် တောင့်တင်းနေတဲ့ လုရှန်မျက်နှာကိုကြည့်ပြီး သူမတခစ်ခစ်ရယ်လိုက်မိတော့သည်
"‌ကံကောင်းလို့ပေါ့ ဘယ်လိုကရမယ်ဆိုတာကို ရှင်မမေ့သေးဘူးပဲ"

"ကိုယ်က မှတ်မိ‌အောင်လုပ်ထားတဲ့အရာကို လွယ်လွယ်နဲ့မေ့မသွားဘူး ကိုယ့်ခန္ဓာကိုယ်က ကောင်းကောင်း လိုက်မရွေ့နိုင်မှာပဲ စိုးရိမ်တာ"

လုရှန်မျက်နှာက ကြောက်စရာအမှားတစ်ခုခုလုပ်မိသွားမိမှာဆိုးတဲ့ အတွေးကြောင့် တောင့်တင်းနေလေသည် သူမခြေတလှမ်းလှမ်းလိုက်တဲ့အချိန်မှာတော့ သူ့ခန္ဓာကိုယ်က တောင့်တင်းနေသလိုခံစားလိုက်ရသည်

သူ့ကို စိတ်ပေါ့ပါးသွားအောင်လို့ စတဲ့အနေနဲ့ ရီလိုက်လေသည်
"အမှားလုပ်မိလဲ ကိစ္စမရှိပါဘူး ကျွန်မတို့က အဓိက‌ဇာတ်ကောင်တွေမှ မဟုတ်တာ"

"လူတွေက မင်းကိုလဲ ဝေဖန်ကြမှာပေါ့"

“…..”

"ကိုယ်က မင်းကို အရှက်ရစရာဖြစ်စေမှာ အရမ်းမုန်းတယ်"

ဒီလူသား သူမအတွက် အမြဲတမ်းလိုလို အရမ်းတွေးပေးနိုင်ရတာလဲ

တဖျက်ဖျက်ခုန်နေတဲ့ရင်ကို ထိန်းချုပ်ဖို့ကြိုးစားရင်း လုရှန်လက်ကိုကိုင်ကာ ခန္ဓာကိုယ်ကို တပတ်လှည့်လိုက်လေသည်

ဒီညအတွက် တကယ်ပျော်‌ရွှင်နေမိတယ်လို့ ထင်မိသည်

ကပွဲပြီးနောက် လုရှန်နဲ့ သူမက ဘေးချင်းကပ် လမ်းလျှောက်နေကြသည် ညက နောက်ကျလာပြီမလို့ လူသူမရှိတဲ့လမ်းပေါ်မှာ သူတို့‌နှစ်ယောက်သာရှိလေသည်

ဆောင်းလေညင်းလေးက အေးစက်စက်ဖြစ်နေပေမဲ့ သူမပုခုံးပေါ်က လုရှန်ရဲ့ ဂျက်ကပ်အင်္ကျီကြောင့် နွေးထွေးနေလေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now