အပိုင်း(၇၄)

326 52 1
                                    

“……”

အက်စတယ်လာမျက်လုံးတွေကို မှိတ်ချလိုက်သည် သူမကိုကြည့်လိုက်ပြီး အပြစ်တစ်ခုပြုလုပ်ထားသလို မျက်နှာနှင့် ပြောလေသည်
“လူတိုင်းကတော့ ကျွန်မပြောတဲ့အတိုင်း ပြောကြတာပဲ သူတို့အားလုံးပြောကြတာက လုရှန်က သူ့ကို ဂရုစိုက်ပေးတဲ့ ရွာခေါင်းဆောင်ရဲ့သားကို အသက်ခုနှစ်နှစ်အရွယ်မှာ သတ်ပစ်လိုက်တယ်တဲ့”
ကြားလိုက်ရတဲ့အချိန်မှာ သူမခန္ဓာကိုယ် ဒယိမ်းဒယိုင်ဖြစ်သွားသည် သူက စစ်သည်တစ်ယောက် စစ်မြေပြင်ကို အကြိမ်ပေါင်းများစွာ သွားခဲ့ရတယ် ပြီးရင် လူအများကြီး သတ်ခဲ့တယ်

ဒါပေမဲ့ ခုနှစ်နှစ်ရွယ်ကလေးတစ်ယောက်က လူတစ်ယောက်ကိုသတ်တယ်ဆိုတာကတော့ ကွာခြားလေသည် ကလေးငယ်တစ်ယောက် သွေးစွန်းနေတဲ့ဓားတစ်ချောင်းကိုကိုင်တယ်ဆိုပြီး တွေးကြည့်ရင် သူမရင်တွေ နှစ်မြုတ်သွားလေသည်
“မစ်နေးရား”

အက်စတယ်လာက သူမကို နှစ်သိမ့်ပေးရန် တင်းကြပ်စွာဖက်ထားလေသည် သူမနောက်ကျောကို ပုတ်ပေးလေသည် အဲ့တာက ဘယ်လောက်တောင်ကြာခဲ့ပြီလဲ
ကားလစ်ကပြောလေသည်
“ဒီကိစ္စတွေကို ပြန်ပြောနေလို့ ဘာမှမထူးဘူး ဒီလည်ဆွဲကို ဖြစ်နိုင်ရင် မြန်မြန်စစ်ဆေးပြီး ကာဒီယမ် အသိဉာဏ်တွေ အမြန်ပြန်ရအောင် နည်းတစ်ခုရှာရမယ်"

ထို့နောက် ကားလစ်က သူမနဲ့ မျက်လုံးအကြည့်ချင်းဆုံပြီး ထပ်ပြောလေသည်
“.....ကာဒီယမ်ပြန်လာရင် တခါလောက်သောက်ကြရအောင် ငါ့အဖေရဲ့ အရက်သိုလှောင်ရုံထဲကနေ ၀င်ဓားပြတိုက်ပြီး မင်းတို့ကို တိုက်မယ်”

သူမလဲ မတတ်နိုင်ပဲ သူ့စကားကြားပြီး ပြုံးမိသည် သူမဘေးမှာ သူငယ်ချင်းကောင်းတွေရှိလေသည် ဒါပေမဲ့ သူ့ဘက်မှာကြတော့ရော?
သူကတော့ အဖြူရောင်နှင်းတွေထဲ တယောက်ထဲ အထီးကျန်နေမှာပဲ သူ ဒီနေရာမှာနေခဲ့တုန်းကလိုပဲပေါ့ သူမရင်တွေ ဖောင်းလိုက် ပိန်လိုက် ဖြစ်လာခဲ့သည်

* * *

လည်ဆွဲအကြောင်း စစ်ဆေးဖို့ မြို့တော်ကို မြန်မြန်ပြန်ချင်လာသည် ဒါပေမဲ့ နေက ၀င်သွားခဲ့ပြီဖြစ်သည် ညဘက် လမ်းတွေပေါ်မှာ သွားတာ အန္တရာယ်ရှိနိုင်တာကြောင့် ရွာထဲမှာနေဖို့ သူမတို့ဆုံးဖြတ်လိုက်ကြသည် ဆူဆမ်ကသူမတို့ကို သူ့အိမ်သို့ခေါ်သွားလေသည် အိမ်ကသေးငယ်ပေမဲ့နွေးထွေးလေသည် ဆူပွက်နေတဲ့ဟင်း‌ရည် အနံကိုပင် ရနေပြီး ကလေးတွေ ‌စကားပြောပြီး ရယ်နေကြတဲ့အသံကို ကြားနေရသည် ဆူဆမ်နဲ့တူတဲ့ အမွှာပူး ကလေးတွေ အထက်တန်းလွှာ ဧည့်သည်တွေကြောင့် စိတ်လှုပ်ရှားနေကြသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now