အပိုင်း(၄၁)

894 116 2
                                    


လွန်ခဲ့တဲ့ရက်အနည်းငယ်လောက်က

လုရှန် ဧကရာဇ်ဆီထပ်သွားရပြန်သည် ဒါပေမဲ့ ဒီတခါတော့ သူအရှင်ဆီကနေ ဘာဆိုဘာမှမလိုချင်တဲ့ပုံစံပေါက်နေသည်

လုရှန်သည် အစီရင်ခံစာကို အတိုချုံးတင်ပြပြီးနောက် ဧကရာဇ်ကိုကြည့်လိုက်သည်

ဧကရာဇ်၏အမိန့်ကိုစောင့်နေသော လုရှန်ကိုကြည်နေရင်း ဧကရာဇ်မှာ အတွေးထဲမျောနေခဲ့သည်

ဧကရာဇ် ဒီနေ့လုရှန်ကိုခေါ်တွေ့တာက စစ်သည်လေ့ကျင့်ရေးမှ အလုပ်အစီရင်ခံစာကြားချင်ရုံကြောင့်မဟုတ်ပေ တကယ်တော့  သူမှာ တခြားအကြောင်းပြချက်ရှိလေသည် ကားလစ်နဲ့ပါနေးရားတို့ လျှို့ဝှက်စွာတွေ့ကြသည့်သတင်းကို ရခဲ့တာကြောင့်ပင်

'ဒီအကြောင်း လုရှန်သိလောက်လား'

လုရှန်မသိလောက်ကြောင်း ဧကရာဇ်ခန့်မှန်းမိသည် သူတို့နှစ်ယောက်လျှို့ဝှက်စွာတွေ့ဆုံနေကြတဲ့ကိစ္စကို လုရှန်သာသိနေပါက သူ ဒီလောက်အထိ ငြိမ်သက်နေလိမ့်မည်မဟုတ်ပေ သူ့ဇနီးလောင်းကို ဧကရီဘွားတော်အနိုင်ကျင့်တုန်းက ‌အလွန်ဒေါသထွက်ခဲ့သော အဲ့လုရှန်မဟုတ်ပေ

'ငါ ဒီအကြောင်း သူ့ကိုပြောပြသင့်တယ် လုရှန်သာ ကားလစ်ကိုရှုံးသွား‌ရင် ငါတော့ဒုက္ခပတ်အုမ်းမယ်'

ကားလစ်က ဘယ်လောက်ပင် ခေါင်းကိုက်ချင်စရာကောင်းနေပါစေ တန်ဖိုးထားခံရသော ဆက်ဆံသူပင် အင်ပါယာအတွက် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည့် လုရှန်နှင့်သူရဲ့ဆက်ဆံရေးက ယိုယွင်းလာပါက ကောင်းမွန်လိမ့်မည်မဟုတ်ပေ ဒါကြောင့် ဧကရာဇ်က ထိုအကြောင်းကို သတိထားပြီးပြောလိုက်သည်
"လုရှန် မင်းနဲ့မင်းဇနီးလောင်းက အရမ်းရင်းနှီးနေတယ်လို့ ကြားထားတယ် ဟုတ်တယ်မလား"

"ပါနေးရား"ဆိုတဲ့နာမည် ထွက်ပေါ်လာတော့ လုရှန်၏တည်ငြိမ်သောအကြည့်မှာ တုန်လှုပ်သွားခဲ့သည် လုရှန်က ခေါင်းကို ‌ဖြည်းဖြည်းချင်း ညိမ့်လိုက်ပြီး
"ဟုတ်ပါတယ်"

လုရှန်မျက်နှာက အမူအရာမဲ့ဖြစ်နေသေးသော်လည်း နားရွက်များမှာတော့ အနည်းငယ်နီရဲနေသည် ဧကရာဇ်က ထိုအရာကို သတိပြုမိပြီး ညင်သာသောအပြုံးလေးတစ်ခုနှင့် ဆက်ပြောလာခဲ့သည်
"စေ့စပ်ပွဲက နိုင်ငံရေးအရ ငါစီစဉ်ခဲ့တဲ့ပွဲဆိုပေမဲ့ မင်းပါတနာကို မင်းသဘောကျတာမြင်ရတာ ငါ‌၀မ်းသာပါတယ် မင်းရဲ့ နှလုံးသားကို ဘယ်လိုမိန်းမမျိုးက ဖမ်းစားနိုင်ခဲ့တာလဲ ငါသိချင်မိတယ်"

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now