အပိုင်း(၁၆)

1K 136 4
                                    

"ရှင်ပြောတာသေချာသလောက်မှန်တယ် ဒီလူနာတွေခံစားရတဲ့အတွေ့အကြုံက သာမန်ဆေးရုံကလူနာတွေထက် ပိုဆိုးတယ်"
အက်စတယ်လာအကြည့်က ဆေးရုံထဲမှလူနာတွေဆီမှာ အနားပေးနေခဲ့သည် လဲနေကြသောလူနာအားလုံးက ပုံစံအမျိုးမျိုးနှင့်ကြောက်စရာကောင်းနေခဲ့သည်
လက်နှစ်ဖက်မရှိတော့တဲ့ယောကျာ်းတစ်ယောက် ခန္ဓာကိုယ်တစ်ခုလုံးမီးလောင်ဒဏ်ရာတွေနဲ့အမျိုးသမီးတယောက် မျက်လုံးတစ်ဖက်မှာပတ်တီးစည်းထားရတဲ့ ပိန်ညောင်ညောင်ကလေးငယ်တစ်ယောက်

လူတယောက်ဆင်းရဲလေလေ ဘ၀နေထိုင်ဖို့ပိုခက်လေလေ အမြဲ စွန့်စားနေရလေလေ ဒါကြောင့် သူတို့ဒဏ်ရာတွေအားလုံးက ဆိုးရွားနေသည်ပင်
အက်စတယ်လာရဲ့အပြာရောင်မျက်လုံးတွေက သူတို့အတွက် နက်နက်ရှိုင်းရှိုင်း ၀မ်းနည်းကြေကွဲနေလေသည်

"ကျွန်မဆုတောင်းမိတယ် ဒီမှာရှိနေတဲ့ သူတို့အားလုံးကိုကုသဖို့ ကျွန်မမှာ စွမ်းအားအလုံအလောက်ရှိပါစေလို့ပေါ့"

အက်စတယ်လာမှာ နတ်ဘုရားရဲ့စွမ်းအားတွေနဲ့ လူတွေကိုကုသနိုင်တဲ့ စွမ်းရည်ရှိပေမဲ့ ထိုစွမ်းအားမှာလဲ အကန့်အသတ်များစွာ ရှိပေသည်
သူမစွမ်းအား တစ်ခါအသုံးပြုပြီးတာနှင့် ထိုစွမ်းအားတွေပြန်နိုးထလာဖို့ အချိန်တစ်ပတ်လောက်ကြာလေသည်
ဒါတွေကြောင့် အက်စတယ်လာက သူမရဲ့စွမ်းအားများကို အသက်ကိုခြိမ်းခြောက်နေတဲ့အရေးပေါ်အခြေအနေမဟုတ်မချင်း ထုတ်မ‌သုံးပေ

ထိုအစား ဆေးပညာကို  နှစ်တွေအကြာကြီးလေ့လာပြီး ထိုပညာနှင့် လူတွေကိုကူညီသည်
အက်စတယ်လာကိုကြည့်ရတာ ထိုအကြောင်း‌လစ်ဟင်းမှုကြောင့် နောင်တရနေပုံပေါ်သည် ဒါပေမဲ့ ပါနေးရားအတွက်တော့ သူမက amazing ပင်

'သူမ ဘာလို့ဒီလိုဖြစ်နေရတာလဲ'
'ဖြစ်နိုင်တာက သူမက သူတော်စင်ဖြစ်နေတာကြောင့် ဒါမှမဟုတ် သူမက အမျိုးသမီးဇာတ်လိုက်ဖြစ်နေတာကြောင့်'
'သူမ ထိုလူတွေအပေါ် ဘယ်လောက်တောင် ပေးအပ်မြှုပ်နှံထားရတာလဲ'

အက်စတယ်လာကသာ သူမအား သူတော်စင်တယောက်ရဲ့စွမ်းအားကို လွှဲပြောင်းပေးပြီး ဇာတ်လိုက်တယောက်လုပ်ပြီး အက်စတယ်လာကဲ့သို့ နေထိုင်ပါဟုပြောလာခဲ့ရင်တောင်မှ ဒါမဖြစ်နိုင်ပေ
နာမည်ပင်မသိသောထိုလူများအပေါ် သူမရဲ့ငယ်ရွှယ်မှုရော ခွန်အားကိုရော မြှုတ်နှံထားဖို့က တအားရက်စက်လွန်းပေသည်

မည်းနက်ရက်စက်သောဒုတိယဇာတ်လိုက်ရဲ့ဇနီးWhere stories live. Discover now